Professional Authors

ရစ်သမ်တစ်ခု

အခန်းထဲမှာ ဗီရိုကြီးက ငေးလို့ 
မှင်မရှိတဲ့ ဘောပင်တစ်ချောင်းကို
ကောင်လေးတစ်ယောက် သိမ်းဆည်းထားမိလေရဲ့ 
ပျော်ရွှင်ခြင်းတွေက ခပ်ဝါးဝါးနဲ့ပေါ့….။ ။
နင်သာ အလင်းရောင်ဖြစ်ခဲ့မယ်ဆိုရင်…
နေကြာပန်းလို နင်ရှိရာ အရပ်ကို မျက်နှာမူရင်း
ပူပြင်းတဲ့ အလင်းရောင်ကို တပ်မက်စွာနဲ့
ငါ့မျက်နှာကို ဝင့်ကြွားလို့ ခေါင်းမော့ထားပေးပါ့မယ်…။ ။
အခန်းကျဉ်းထဲက ပန်းချီကားမှာ
မြွေတစ်ကောင်နဲ့
ပန်းသီးတစ်လုံးဘဲပါ၏။
နံရိုးတစ်ချောင်းကတော့ မျက်ခုံးတလှုပ်လှုပ်နဲ့ပေါ့…။ ။

In: ကဗျာ Posted By: Date: Nov 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment