Professional Authors

မေ့သင့်ပြီ

ဘယ်လောက်ပဲစိတ်နာနာ
နင့်ရှေ့ ရောက်တော့ ငါ့မာနတွေ
ခ၀ါချရတာပဲ…။

တကယ်မှန်တဲ့  ရှေးစကား
တစ်တုံးစားလည်း ချီးမှန်းမသိ
နှစ်တုံးစားလည်း ချီးမှန်းမသိ
တကယ့်ကိုအမှတ်မရှိ…။

ကျူပစ် နဲ့ ဆိုင်ခီ အကြောင်း
ဒဿဂီရိ နဲ့  မယ်သီတာ အကြောင်း
ရိုမီယို နဲ့  ဂျူးလိယက် အကြောင်း
ကျွန်တော် နဲ့  မေ အကြောင်း
ဘယ်တော့မှ မတွေးတော့ဘူး
ဘယ်တော့မှ မရေးတော့ဘူး
မေ့သင့်နေပြီ…။

In: ကဗျာ Posted By: Date: Mar 7, 2013
Comment #1

😛

commentinfo By: ei lay at Mar 7, 2013
Comment #2

ကဗျာလေး မိုက်တယ်
ထမင်းစာခါနီးတော့ ဒီကဗျာကိုမဖတ်သင့်ဘူး 🙂

commentinfo By: X - ray at Mar 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment