Professional Authors

သေသူ၏ဈာပန

သေသူ၏ဈာပန

ဒီလို ဘ၀မျိုးကတော့ ခါးသီးနေဆဲပါ
မျက်မြင်မှ ကိုယ်တွေ့ရတာပဲ
လက်ကိုဆုပ်ထားခဲ့ပါတယ်၊
လက်ကို ပြန်ဖြန့်ခဲ့ရတယ်၊
ကံကြမ္မာရဲ့ထိုးချက်တွေမှာ လူဟာအလဲအကွဲ
ငါရဲ့ရှုံးနိမ့်မှုတွေအတွက် အားပေးဖော်မရတဲ့ချစ်သူလေး
ကျွန်တော် သေဆုံးခဲ့ပါတယ် . . . . ။

ရယူခဲ့မိတယ်၊ ပြန်ပေးဆပ်ခဲ့ရတယ်၊
လက်ဖျောက်တစ်ချက်အတီးမှာ
အခန်းတစ်ခုလုံး ဟုပ်ခနဲ အမှောင်ကျသွား
ဒါဟာ စိတ်အမှောင်တိုက်ပဲ ဖြစ်ပါလိမ့်၊
ဒီလို အပေအတေကောင်မျိုးမှာ
ဖုန်အလူးလူးထနေတဲ့ ကံတရားမျိုးရှိတာ
                           ဘာဆန်းသလဲကွာ
ငါ့ကို နားလည်မှုမပေးနိုင်တဲ့ ချစ်သူလေး
ကျွန်တော် သေဆုံးခဲ့ပါတယ် . . . . .။

ခေါင်းကိုယမ်းခါပြီး သက်ပြင်းလေးလေးကြီးကိုပဲ
ချမိပြန်ပေါ့၊ မနက်ခင်းဆိုပေမယ့်လည်း ညို့မှိုင်းအုံ့ဆိုင်း
မှိုင်းပျမှုန်ရီခဲ့ပါတယ်၊ နေမင်းဟာ အနက်ရောင်ဝတ်စုံနဲ့
စိတ်မကောင်းခြင်းကြီးစွာ ခေါင်းကို ငုံ့ထားပေးရဲ့၊
ခပ်ညံ့ညံ့ကောင်လို့ ကိုယ့်ကိုယ်ကို ပြောတဲ့လူမိုက်တော့
နောက်ထပ် ပြောနိုင်တော့မှာ မဟုတ်ပါဘူး . . . .
ငါ့ရဲ့ဒဏ်ရာတွေကို ဆေးသိပ်မပေးခဲ့တဲ့ ချစ်သူလေး
ကျွန်တော် သေဆုံးခဲ့ပါတယ် . . . ။

စွန့်လွှတ်လို့မရဘူး၊ မေ့ဖျောက်ပစ်လို့မရဘူး
ကျောခိုင်းထွက်ခွာဖို့ နေရာမရှိဘူး
သူမဟာ မာယာကို ကိုယ်စားပြုနေတယ်၊
ဗီးနပ်(စ်)နဲ့ ဘာအမျိုးတော်သလဲ ပြောစမ်းပါအမိရဲ့၊
အရွဲ့တိုက်ရတာကိုပဲ ဘ၀လို့ ထင်နေခဲ့တာလား၊
အလွမ်းဟာ ရောဂါမျိုး(၉၆)ပါးမှာ မပါတဲ့ရောဂါ၊
သတိရခြင်းဟာ နှလုံးသားကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်တဲ့
ငါ့ရဲ့ဝမ်းနည်းမှုတွေကို ပျက်ရယ်ပြုခဲ့တဲ့ ချစ်သူလေး
ကျွန်တော် သေဆုံးခဲ့ပါတယ် . . .
ကျွန်တော်ဟာ သေဆုံးခဲ့ရပေါ့ . . . . . . . . . . . .။        ။

                                                  နရီမင်းထက်

In: ကဗျာ Posted By: Date: Aug 28, 2011
Comment #1

ကောင်းလိုက်တဲ့ အရေးအသား ဖတ်သွားတယ်ဗျာ ။

commentinfo By: X - ray at Aug 28, 2011
Comment #2

love is supposed to be as breathing.
love is supposed to be as lovely.
love is supposed to be hell.

commentinfo By: ei lay at Aug 28, 2011
Comment #3

အခုလို ပြောပေးတဲ့အတွက် ကျေးဇူးပါ. . .

commentinfo By: nhmgmg at Aug 29, 2011
Comment #4

အရေးအသား….တည်ဆောက်ပုံ……ခင်းကျင်းပုံ
အတော့်ကိုကောင်းပါတယ်….လေးစားပါတယ်…ဗျာ

commentinfo By: terry at Aug 29, 2011
Comment #5

..တကယ်ကို..လေးစား….အားပေးသွားတယ်ဗျာ…..

commentinfo By: အသဲကွဲမိုး at Aug 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment