Professional Authors

ကဝေတစ်ကောင်ရဲ့ အကြောင်း

ညှို့ယူဖမ်းစားခံထားရတဲ့
ငါ့ လိပ်ပြာငယ်
ခြောက်သွေ့ နေပါရော့လား .. ။
လရောင် ဂီတမှာ
စည်းလွတ် ၀ါးလွတ်
ဇာတ်ကွက်တစ်ခုကို
ဆိုင်းငံ့ထားသလိုမျိုး
တစ်စုံတစ်ရာဟာ
အဆွေး ဓါတ် လောင်မြိုက်နေပုံပဲ … ။
ဝေးသွားမှ သတိရ
သတိရလွမ်းတတ်ကာမှ
ပိုလို့ ဝေး ကွာ သွား …
မာယာလှည့်ကွက်တွေ သုံးပြီး
ငါ့ အချစ်ကို
ဖြုန်းတီး ခဲ့တာကိုး  … ကဝေ … ။
ဒါပေမဲ့လေ
အလွမ်းရာသီမှာ
ပန်းတွေ ငုံဖူးနေတုန်း …. ။

မေပျို (YIOE)

In: ကဗျာ Posted By: Date: Mar 2, 2013
Comment #1

မာယာလှည့်ကွက်တွေ သုံးပြီး
ငါ့ အချစ်ကို
ဖြုန်းတီး ခဲ့တာကိုး … ကဝေ … ။
ဒါပေမဲ့လေ
အလွမ်းရာသီမှာ
ပန်းတွေ ငုံဖူးနေတုန်း …. ။

အားပေးသွားပါတယ် …။ အစ်မ

commentinfo By: loafer at Mar 2, 2013
Comment #2

ကဝေ

commentinfo By: ei lay at Mar 2, 2013
Comment #3

Wooh… =-O

commentinfo By: n$n at Mar 3, 2013
Comment #4

ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်

commentinfo By: မေပျို at Mar 3, 2013
Comment #5

ဖတ်ရှုခံစားသွားပါတယ်

commentinfo By: ap at Apr 4, 2013
Comment #6

ဟုတ်ကဲ့ရှင့်

commentinfo By: မေပျို at Apr 4, 2013
Comment #7

Pc ကိုတိုးတိုးလေးပြန်လာ အားပေးသွားပါတယ် အမ

commentinfo By: 13th at Apr 14, 2013
Comment #8

ဘယ်လိုပဲလာလာ သိသွားပါတယ် ကဗျာဆရာ

commentinfo By: maypyo22889 at Apr 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment