Professional Authors

မေတ္တာအကြောင်း ဖတ်စာ

အဖူးဘ၀ကနေ
ရွှန်းမှည့်သစ်သီးလေး ဖြစ်စဉ်တလျှောက်မှာတောင်
ဘယ်အချိန်ကြွေမယ်မှန်း မသိတဲ့ ကံတရားရှိနေမယ်
အပြီးတိုင် မချည်နှောင်ရသေးခင်
တင်းသွားပြတ်သွားမှာ စိုးရိမ်တယ်။

မျက်လုံးချင်းအလွှဲမှာကိုပဲ
မင်းအတွေးက ဖျတ်ကနဲ လွင့်သွားနိုင်တော့
စိတ်အခန်.မသင့်ချိန် တစ်ခုခုမှာ
ငါမသိတဲ့ တစ်ယောက်ယောက်ဆီ
မင်းအလင်းလေးယိုင်ထွက်သွားမှာ
ငါ……သေမလောက်ကြောက်တယ်။

အသီးအပွင့် အကိုင်းအခက်တွေပေးပြီးတဲ့အခါ
ရေသောက်မြစ်အထိ တူးယူဖို.မကောင်းပါဘူး
သေဆုံးခြောက်သွေ.ရမှာထက်
နောက်ထပ်သီးပွင့်မပေးနိုင်မှာစိုးလို.ပါ။

သြော်……အနက်ရှိုင်းဆုံး အမြစ်ဟာ
ပင်စည်ကိုခိုင်မာစေနိုင်တယ်
ဒီလိုပဲ
ဖြည့်ဆီးမှုတွေပေးနိုင်တဲ့အချစ်ကို
အဝေးဆုံးမှာဝှက်ထားရမယ်။

ဒီမှာပဲနေစေချင်တာကလွဲလို.
မင်းကိုငါ တားပိုင်ခွင့်မရှိဘူး
ရှိရင်တောင်မသုံးစွဲဘူး
ငါဟာ တံငါမဟုတ်ဘူး
စိတ်ကိုမျှားမယူဘူး
ငါဟာ မုဆိုးမဟုတ်ဘူး
ဆန္ဒကို ထောင်မဖမ်းဘူး
အချစ်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့အလုပ်
ဘယ်တော့မှ ငါမလုပ်ဘူး။    ။

In: ကဗျာ Posted By: Date: Aug 19, 2010
Comment #1

2003တုန်းကရေးခားတာပါ။ပြန်ဖတ်ရင်အခုထိကြိုက်တုန်းပဲ
ဟီးးးးးး

commentinfo By: မော်နီ at Aug 19, 2010
Comment #2

ဒီမှာပဲနေစေချင်တာကလွဲလို.
မင်းကိုငါ တားပိုင်ခွင့်မရှိဘူး
ရှိရင်တောင်မသုံးစွဲဘူး
ငါဟာ တံငါမဟုတ်ဘူး
စိတ်ကိုမျှားမယူဘူး
ငါဟာ မုဆိုးမဟုတ်ဘူး
ဆန္ဒကို ထောင်မဖမ်းဘူး
အချစ်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့အလုပ်
ဘယ်တော့မှ ငါမလုပ်ဘူး။ ။

ဒီအပိုဒ်ကို အရမ်းကြိုက်တယ်…. အော် ကျနော်ပြောဖို့မေ့နေလို့…. ကျနော် မာမ်မီမဖြစ်ချင်ပါဘူး…. ဟီးးးးးးးးး

commentinfo By: နှိုင်းခ at Aug 19, 2010
Comment #3

မိုက်တယ်
🙂

commentinfo By: Anat Yong at Aug 19, 2010
Comment #4

ငါဟာတံငါမဟုတ်ဘူး
စိတ်ကိုမျှားမယူဘူး။
ငါဟာမုဆိုးမဟုတ်ဘူး
ဆန္ဒကိုထောင်မဖမ်းဘုး
အချစ်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့အလုပ်
ဘယ်တော့မှငါမလုပ်ဘူး။

စာသားလေးကအရမ်းလန်းတယ် ကိုမော်နီရာ။အရမ်းကြိုက်တယ်။

commentinfo By: terry at Aug 19, 2010
Comment #5

ကျွန်တော်လည်းကြိုက်တယ်ဗျ
ဟီးဟီးးးးးးး

commentinfo By: မော်နီ at Aug 19, 2010
Comment #6

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲရှင်…
အားပေးလျှက်ပါ…း)

commentinfo By: မှုံရွှေရည် at Aug 25, 2010
Comment #7

အကို့
စာသားတွေကောင်းတယ်

commentinfo By: tuyiya at Oct 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment