Professional Authors

ကဗျာဆရာတစ်ယောက်ရဲ့ကဗျာမဆန်တဲ့ချစ်ခြင်းများ

တခါတလေဆိုပေမယ့် အဖန်ဖန်တေနေရတဲ့ဖြစ်ရပ်များ
ပြောချင်နေတဲ့ဖွင့်ဟ၀န်ခံခြင်းထက် ပြောသင့်ခြင်းများကိုသာပြောရခြင်းးများ
အိုးကောင်းရချင်တဲ့အိုးထိန်းသည်ရဲ့ နာနာသိုသိုဟုတ်တိုင်းဆိုခြင်းများ
နားထောင်မကောင်းပေမယ့် ကြားယောင်နေရမယ့်စိုးရိမ်ခြင်းများ
အပြေအလည်ဆိုပေမယ့် မကြေမလည်ဖြစ်ရခြင်းများ
ဟန်ဆောင်မျက်နှာဖုံးအောင်က အပြုံးတုများရဲ့မာယာလှည့်ကွက်များ
ရင့်ကျက်တည်ငြိမ်ခြင်းတွေကြား လှိုင်းထန်နေရတဲ့ တိတ်တဆိတ်ရင်ခုန်သံများ
ချစ်ခြင်းအလင်္ကာတွေရဲ့အကြား သိုဝှက်မေတ္တာတရားရဲ့သိမ့်မွေ့ခြင်းများ
ဖွင့်မပြောဖြစ်ပေမယ့် ရင်နှစ်လွှာကြားက စည်းချက်မဲ့ရင်ခုန်သံအရိုင်းများ
စောင့်ထိန်းရမယ့်စည်းတွေအကြား ဆွံအသွားရတော့မယ့်ဆုံဆည်းခြင်းများ
ကဗျာဆရာတစ်ယောက်ရဲ့ကဗျာမဆန်တဲ့ချစ်ခြင်းအဆုံးသတ်တရားကိုသိမြင်နားလည်ခံစားရင်း
ကဗျာဆန်ခွင့်မရတဲ့ လောကနိယာမဥပဒေသများရဲ့အောက် အဆုံးသတ်ပြိုလဲရင်း

ချစ်ခြင်းမေတ္တာကို ရင်နဲ့ရင်းလိုက်ပါတော့မယ်ကွယ် ။                      ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Dec 11, 2012
Comment #1

ဟန်ဆောင်မျက်နှာဖုံးအောင်က အပြုံးတုများရဲ့မာယာလှည့်ကွက်များ

commentinfo By: မေပျို at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment