Professional Authors

“ပ ညတ်”

အစီအစဉ်တွေချ
ပြီးတော့

တစ်ခုပြီးတစ်ခု

တေးမှတ် (နေ) ကြတယ်

……

ရယ်သံလေး တွေ

တွေးနေတဲ့မျက်ဝန်းလဲ့လေး

တိတ်ဆိတ်ဆွံ့ အ မှု

တဖန်တလှည့်စီ အသုံးပြုလျက်…..

………

တချို့ က အထိမ်းအမှတ်

တချို့ က အမှတ်တရ

တချို့ က ပွဲတော်

တချို့  က ….

ပြီးတော့

နောက်တချို့ က……..

 

အမျိုးမျိုးသော ဆုလာဘ်တွေနဲ့ 
(ကင်ပွန်းတပ်ပွဲကြီးလိုပါပဲ)

ထူးခြားတာက

အားလုံး  ပြုံးနေကြတယ်

တနည်းအားဖြင့် … မဲ့မနေကြဘူး

 

အားကျ ကျေနပ်မှု တွေနဲ့ 

အဲဒီ လက်ဖဝါးလေးတွေ

ရွှေ့ နေ
ရွေ့ နေတာ ကိုပဲ

ကြည့်မဝ ရှုမဝ

ကိုယ့် အလှည့် မရောက်လာတော့မယ့်အတိုင်း

(စိတ်စောစွာ)

ကြိတ်မနိုင် ခဲမရ

 

ဒီလို နဲ့ 

အလှမ်း တွေ အရွေ့ တွေ များ လာ – နီးလာရင်း

နောက်တလှမ်း ဟာ

 

ကျွန်တော့် ထံ သို့  ….

 

ဆိုသော

 

ဆိုသော

 

ဆိုကဲ့သို့ သော

 

ရင်ခုန် မျှော်လင့်မှုပေါင်းများစွာနဲ့ 

 

ရင်ဘတ်ကြီး ဖွင့်ပြီး

ကြိုဆို

မအိပ်စတမ်း မမှိတ်စတမ်း အမြင်တွေ ဖွင့်လို့ 

လက်ကမ်း

 

အိနြေ္ဒ မဲ့ လွန်း ခဲ့ သလား

အိနြေ္ဒ မဲ့ လွန်းနေသလား

အိနြေ္ဒ မဲ့ လွန်းသွားသလား

မတွေးနိုင် မတွေးမိခင်မှာပဲ

 

ခန္ဒာ ကိုယ် တခု လုံး ပူပြင်းလောင်မြိုက်

နေခြည်ရောင် အလင်းတန်းများ မှောင်မိုက် 

လေထု ဟာ မွန်းကြပ် လာခြင်းနဲ့ အမျှ

မယုံနိုင် ခြောက်ခြားစွာ

ကိုယ့် ဝင်း အပြင်

ကိုယ် ပြန် ထွက်အကြည့်မှာ

 

သွေးနီရောင် မှင်ရည်ကြည် ကြက်ခြေခတ် စည်းမျဉ်းများ  က  ကန့် သတ် ပိတ်လှောင်ထား

 

ကျွန်တော့် ကို

အသံထွက် ထိတ်လန့်  ရွံရှာ ပြကြ တယ်

 

သူဟာ

” ပြဿဒါး “ (တဲ့)

ဘာမှားနေမှန်းတောင် မသိခဲ့ဘူး

၂၀၁၃ ခုနှစ် ၊ မတ်လ- (၁)ရက် – မနက် (၂း၃၀)နာရီ

In: ကဗျာ Posted By: Date: Mar 1, 2013
Comment #1

သူဟာ
” ပြဿဒါး “ (တဲ့)
ဘာမှားနေမှန်းတောင် မသိခဲ့ဘူး
…………………………….
အားပေးသွားပါတယ်နော်…..မအသဲကွဲမိုး

commentinfo By: နွေ at Mar 1, 2013
Comment #2

nice style……it is u……..

commentinfo By: bone lay htet lwint at Mar 1, 2013
Comment #3

ဘာမှားနေလဲတော့ သိဘူး..တစ်ခုခုတော့ တခုခုဘဲ..အားပေးတွားတယ်…

commentinfo By: tabound at Mar 1, 2013
Comment #4

ခံစားအားပေးခြင်းများအတွက် အထူးကျေးဇူးတင်လျက်ပါ

commentinfo By: အသဲကွဲ မိုး at Mar 2, 2013
Comment #5

ခံစားရင်း ကြေကွဲရင်း …… နှစ်သက်သွားပါတယ်ဗျာ။

commentinfo By: မာန်ခက်ဝင့် at Mar 2, 2013
Comment #6

ကူးသွားတယ် မမ

commentinfo By: အရိပ် at Mar 2, 2013
Comment #7

အားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Mar 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment