Professional Authors

ယနေ့ ရရှိနိုင်သော …

ရေမဆေး ကျောက်

ရေမချိုးတဲ့ မျောက်

သေချာကြည့်

ပေါ့သေးသေးတော့ မထင်လိုက်နဲ့

ခေတ်ပညာတတ်

အဆောင်ယောင် တချို့နဲ့ လူရှိန်အောင်နေတော့

မျောက်ဟာ ရွှေရောင်သန်းလာတယ်

သေချာကြည့်

အထင်မကြီးလိုက်နဲ့

ခေါင်းတရမ်းရမ်း လည်တခါခါ လုပ်

နှာခေါင်းလေး ရှုံ့ပွ ရှုံ့ပွနဲ့

ဘယ်တော့မှ အငြိမ်လည်း မနေဘူး

စူးစိုက်တဲ့ မျက်စိနဲ့ ကြည့်နေတာက

ယနေ့တိုင်းရဲ့ မျောက်တစ်ကောင်ပဲ ဖြစ်တယ်

In: ကဗျာ Posted By: Date: Feb 28, 2013
Comment #1

🙂

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment