Professional Authors

“တီးခတ်၍ မရနိုင်သော မတော်တဆများ …´´

ဒီကမ္ဘာကြီးထဲ …
ဖန်ဆင်းရှင် ဘုရားသခင်ပေးတဲ့
အခမဲ့လေကို ငါ့နှာခေါင်းနဲ့ ငါ …
လွတ်လွတ်လပ်လပ် ရှုရှိုက်နေသ၍တော့ …
သေချာတာတစ်ခုက …
ငါဟာ ဒီလောကကြီးကို မတော်တဆပြုတ်ကျလာတာ မဟုတ်ဘူး …
(၂)
မတော်တဆခြေလှမ်းတစုံအတွက် …
အာရုံငါးပါး လဲကွဲမှောက်ရှပျက်ယွင်းခဲ့ …
(၃)
မတော်တဆတစ်စက္ကန့်အတွက် …
သက်ပြင်းတွေ၊ မျက်ရည်တွေ၊
နာကျင်မှုတွေ၊ စုတ်တသတ်သတ်ဖြစ်မှုတွေ … အားလုံး …
တိုးတက်ကြီးပွားဖွံ့ဖြိုးထွန်းကားလာတယ် ….
ငါ …
တစ်ယောက်တည်း မတော်တဆတစက္ကန့်လေးရဲ့ ခါးသီးမှုအောက်မှာ …
ကော်ဖီခါးခါးကို တမာရည်နဲ့ ရောကျိုသောက်ခဲ့ရ …
(၄)
နောက်ဆုံးတော့ …
မတော်တဆရေးထားတဲ့ ကဗျာတပုဒ်အပေါ်မှာပဲ …
(လူသားအားလုံးကို အလံဖြူပြနှုတ်ဆက်တယ် …. လို့ ပြောကြားရင်း …)
အချစ်ကို ကိုးကွယ်အသက်ပေးသွားတဲ့ လူစွမ်းကောင်းကြီးရိုမီယိုကို …
ဟားတိုက်လှောင်ပြောင်ရင်း …
မတော်တဆကောက်ရလာတဲ့ ဘောပင်လေး …
အခုဆို …
မင်ကုန်သွားတဲ့ အကြောင်း ….
ဝမ်းပန်းတနည်း မျက်ရည်တွေ စိုရွှဲကာ …
ရင်ခွင်မိုးတွေနဲ့ နှုတ်ခမ်းပြင်နှစ်စင်း ရေနှစ်ခဲ့ရတယ် …

In: ကဗျာ Posted By: Date: Jul 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment