Professional Authors

ပြတ် ရှ စွန် ငယ် များ ….

(နိဒါန်း)

တစ်ယောက်ကို တစ်ယောက်က
မြတ်နိုးဖို့…တွယ်တာဖို့….
ဘ၀တစ်ခုတည်း သို့…
ကို တို့နှစ်ယောက် ပစ်ထည့်ခြင်းခံခဲ့ရတာပါ ညီမလေးရယ်။
…………………………………..
ဒါပေမဲ့…….
……………………………………………..
မင်းနဲ့ကို … နောက်ကျသွားခဲ့ကြတယ်….။။။

(၁)
မျက်နှာမွဲ အမည်မဲ့ နဲ့ ချမ်းသာ ကျော်ဇော
ခုနှစ်ထပ် စံအိမ်တော် နဲ့ ကြယ်ရောင်တစ်လက်လက် အိမ်ခေါင်မိုး..
မွေးဖွားမှုချင်းနဲ့ ဂုဏ်သတင်းတွေ…အားလုံးအတွက်..
နတ်ဆိုးဟာ အချစ်ကို ဒဏ်ခတ်ဖို့မမေ့သလို…မျိုး
နတ်ဘုရားတွေကလည်း ဆက်မတိုးဖို့ဘက်တော်သား ။.

(၂)
ခဏ လေးအတွင်းမှာတင်ပဲ
ရင်ခွင်နှစ်ခု ကြား.. အန္တရာယ် အဖျက်ပေါင်းများစွာ
မွေးဖွားလာလိုက်တာ…..
ယုံချင်စရာမရှိဘူး………..။
မီးဟုန်းဟုန်းတောက် မျက်လုံးတွေကြား…
အိုအေစစ် တစ်ခုတည်းနဲ့ ကုစား အသက်ရှင်ရတာ
ငါတို့ရင်ခွင်တွေမှာ စုတ်ပြတ်သတ်နေခဲ့ရောပေါ့..။
………………………………………………………….
လက်ကို လွှတ်ပစ်လိုက်တာ မဟုတ်ဘူး ကလေးရယ်…
မလွတ်လွတ်အောင် ခုတ်ချ…
ငါ့ဘ၀ထဲကနေ မင်းကို ဆွဲနုတ်သွားကြတာ……။

(၃)
နေနဲ့လ …
ပေါင်းဖက်ခွင့်မရဘူးဆိုတဲ့…
သဘာဝတရားကြီးနဲ့ ကို့ကို တိုက်ခိုက်ခိုင်း နေရုံ…
ကို တို့နှစ်ယောက်ရဲ့ ရင်တစ်စုံကအချစ်ဟာ
လုံလောက်အောင်ပျက်စီးသွားမယ်လို့…
သူတို့ထင်နေ ကြတာ…
သိပ်ရယ်ရတယ်..ကလေးရာ
သူတို့ အားလုံးက…..အရူးတွေ…….။

(၄)
ဟောဒီမှာ သဘာဝတရားကြီး…ခင်ဗျား….
ကျွန်တော်နဲ့သူမ လိုအပ်တာတစ်ခုတည်း…
ဟောဒီကမ္ဘာမှာ နှစ်ယောက်အတူရပ်ရမဲ့ မြေတစ်နေရာ…။
ဒါပေမဲ့ အဲဒီတစ်နေရာစာဟာ..
ခင်ဗျားပေးသမျှ…ဖျောင်းဖျမှုတွေ
နားချမှုတွေ….
ချစ်ခြင်းကို ရပ်တံ့စေလိုမှုတွေထက် သာတယ်…
အဖန်တစ်ရာမက သာတယ်ဆိုတာ
ခင်ဗျားနားလည်…
ကျွန်တော်…သူမ….လက်တစ်စုံရဲ့ တန်ဖိုး…
ခင်ဗျားတို့အားလုံး….အစားထိုးပေးနိုင်မှာမဟုတ်ဘူး…
ချစ်ခြင်းနဲ့ ထပ်တူကျတဲ့ တန်ဖိုးဆိုတာ
ဘယ်မှာမှ မရှိနိုင် ဘူး……. (အရူးတွေ)…။

(၅)
နာကျင်မှုကို ပေါက်ကွဲပြရဖို့
ရင်တစ်ခုလုံးရင်းခဲ့ရ တဲ့လူ…မို့ပြောခဲ့မယ်…
ခင်ဗျားတို့အားလုံးထင်သလို
အစာအိမ် ဖောက် မှ နာကျင် မှုမဟုတ်ဘူး
ငလျင်လှုပ်ခတ်မှ ဖျားနာမှု မဟုတ်ဘူး
ရေခဲတောင်တွေ ပျော်ပျက် ပြိုကျမှ
အနာတရမဟုတ်ဘူး….
စူးနေတဲ့ဆူးကို ဆွဲနုတ်…
နှလုံးသားတစ်ခုဆီက တစ်ခုကိုခွဲထုတ်သွားကြတာကမှ…
မပျောက်တော့မဲ့ နာကျင်မှု..
သေရာပါမဲ့ ဖျားနာမှု…
ခံစားမှု အဆိုးရွားဆုံး အနာတရ….။

(၆)
အခုဆို
ခင်ဗျားတို့… လူနှစ်ယောက်ကို သတ်လိုက်ကြပြီ။
အခုဆို..ဘ၀နှစ်ခုသေပြီ…ဆိုတာ သိလား…..
ဓါး တစ်ချက်ထဲ….
ဒါပေမဲ့
အဆိုးရွားဆုံး..သေစေတဲ့ သွေးကြောနှစ်ခုကို ခင်ဗျားတို့ထိုးဖောက်ခဲ့ကြတာ…..။

(၇)
ခင်ဗျားတို့ချစ်တဲ့ သခင်မလေး…
ခင်ဗျားတို့ကြောင့် ..
နေပျော်နေပြီထင်ကြတယ်ပေါ့…ဟုတ်လား…
ကျွန်ပါးဝများ….ရေ..
(သင်တို့သွေးသားတွေဟာ ကြေးစားဆန်တယ်)
ကြေးစားဆန် လွန်းတယ်….
ကြေး..စား..ဆန်လွန်းကြတယ် ဗျာ……။

(၈)
ဖယောင်းတိုင်လဲကျသွားတဲ့ညက
နောက်ဆုံးဝင်သက်နဲ့ရေးတဲ့ကဗျာမှာ…
အထပ်ထပ်ပါခဲ့တဲ့ စကားလုံးတွေပေါ့…….
ရက်…စက်….ယုတ်….မာလိုက်ကြတာ………
ရက် စက် ယုတ် မာ လိုက် ကြ….တာ………
ခင် ဗျား တို့….အားလုံး…………။

(၉)
ငါ…..
သူမကိုချစ်တဲ့အချစ်၏ ဆန့်ကျင်ဖက်တိုင်းနဲ့
…အားလုံးကို ..မုန်းတီးရတော့မယ်…..
လူတွေကို မုန်းတီးလာတဲ့ ပိုသာမှုတွေမှာ
သူမကို ချစ်ဖို့အချစ်တွေ လိုက်ပါ ပိုသာလာရတော့မယ်…
ပြတ်ရှဒဏ်ရာများနဲ့ စွန်ငယ် နှစ်စင်း..
ကမ္ဘာတစ်ခြမ်းတည်း ချင်းတူပေမဲ့.. မတွေ့ဆုံနိုင်ကြတော့ဘူး….
ပြတ်ရှ ဒဏ်ရာများနဲ့ စွန်ငယ် နှစ်စင်း…
ဒဏ်ရာ အချင်းချင်းသာ တူညီခွင့် ရတော့မယ်…
အပြန်အလှန် ကုစားခွင့် မရှိတော့ဘူး…။

(၁၀)
ဘ၀ခါးခါးကို ဓါးစာခံလုပ်..ပြီး
ဝိုင်းဝန်းရိုက်ပုတ်ကြတဲ့ လက်တွေအောက်
သွေးမခြောက်သေး တဲ့ ဦးခေါင်းဆီက စီးကျတဲ့ ကဗျာ….
ဒီကဗျာဟာ
နှလုံးသားစားသူတွေ အားလုံး အတွက်
ကျိန်စာ ဖြစ်ပါစေ……။

(၁၁)
ဓါး တစ်ချက်ထဲ….
ဒါပေမဲ့
အဆိုးရွားဆုံး..သေစေတဲ့ သွေးကြောနှစ်ခု ထိုးဖောက်ခံလိုက်ရ….ပြီ…။

(၁၂)
သနားဖွယ် အချုပ်အခြယ်ကြားက
ကလေးလေးကို ငါချစ်တယ်…
ညီမလေးကို ငါချစ်တယ်…..
ထက်…ရည်…ကျော်….ဇော ကို ငါချစ်တယ်…
……………………………………………….
မကျေနပ်ရင် သေပြီးသူ ငါ့ကိုထပ်သတ်….
ငါ့ကဗျာက မျက်ရည်ကတော့ ပျက်ပေးမှာမဟုတ်ဘူး..။။

(၁၃)
လူမွဲတစ်ယောက်မှာ ပြဌန်းချက်တစ်ခုထဲရှိတယ်…
အားလုံး နားထောင်ကြ……
ငါ….
ချစ်ရတဲ့ ညီမလေး ကိုပဲ တစ်သက်လုံးချစ်သွားတယ်….
သစ္စာရှိစွာနဲ့…….။

နိုးဆက် နေ့
(———- – မှ)

In: ကဗျာ Posted By: Date: Feb 27, 2013
Comment #1

oh my godness.
really excellent.
really meaningful & colorful creation.
most of ur poems r awestruck & touching.

commentinfo By: ei lay at Feb 27, 2013
Comment #2

Glad to see it. Very good….man. I cannot effort one. Sorry. But, i know it is enough.

commentinfo By: သီဟန်စိုး at Mar 3, 2013
Comment #3

ဘ၀ခါးခါးကို ဓါးစာခံလုပ်..ပြီး
ဝိုင်းဝန်းရိုက်ပုတ်ကြတဲ့ လက်တွေအောက်
သွေးမခြောက်သေး တဲ့ ဦးခေါင်းဆီက စီးကျတဲ့ ကဗျာ….
ဒီကဗျာဟာ
နှလုံးသားစားသူတွေ အားလုံး အတွက်
ကျိန်စာ ဖြစ်ပါစေ……။
ဘယ်လိုပြောရမှန်းတောင်မသိတော့ဖူး … မိုက်တယ်

commentinfo By: မေပျို at Mar 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment