Professional Authors

အပြန်လမ်း

                  

အလင်းရောင်ရှိတုန်း အိမ်ပြန်ပါ ချစ်သူ
ဒီမြို့က သိပ်လှည့်စားတတ်တယ်
အစကမှားခဲ့သလား အမှားကစခဲ့သလား
တို့နှစ်ဦးသား
သွားပါချစ်သူ သွားပါ ဒီလိုပဲ နေ့စွဲတွေကြား
အလိုက်သင့်အလျားသင့် စီးမျောရင်းနဲ့
နေသာလေသာတဲ့ဘ၀မှာ အနားယူလိုက်ပါတော့
မျက်နှာပေါ်က မျက်ရည်မြစ်တွေရပ်တန့်ပါစေတော့
မောလှပါပြီ  ချစ်သူ
ငါ့အတ္တတွေကမင်းအတွက် လုံလောက်ယုံမကရှိခဲ့ပါပြီ
အလင်းရောင်ရှိတုန်း အိမ်ပြန်ပါ ချစ်သူ  ။   ။

                            ကျော်ထူးဗလ

In: ကဗျာ Posted By: Date: Jun 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment