Professional Authors

~ စိုးးးးးးးးမိုးးးးးးးးသံ ~

သြော်. ..
ဥသြတွေတွန်ကာကြူးတဲ့
နွေ တန်ခူးတောင်ရောက်ပြန်တော့မယ်
ဒီ နှစ်အကူးမှာ
ဖြူသောသူများ မည်းကြမည်
မည်းသောသူများ ပိုမည်းကြမည်
ညစ်သောသူများပျော်ကြမည်
ပျော်သောသူများကဲကြမည်
ဘာကြောင့်မှန်းမသိ.  …
ကျွန်တော့ခေါင်းထဲတော့  လေစိမ်းတွေတိုက်နေဆဲပဲ
ကျွန်တော့ရင်ဘတ်ကြီးလည်းဒဏ်ရာမိုးတွေစိုးနေဆဲ
မျက်ဝန်းတွေလည်း  အားအင်ချည့်နဲ့ဆဲ
၃ နှစ်တိတိ သူ့ကိုပဲကြည့်ခဲ့တဲ့ကျွန်တော့နှလုံးသား
အရင်ကလိုမဖျတ်လတ်တော့ပေမယ့်
သူ့အပြုံးတွေကို ခိုးခိုးပြီးမြင်နေရရင်
သူပျော်နေတယ်ဆိုတာတိတ်တဆိတ်သိနေရရင်
ကျွန်တော် . . . ..
အသက်ရှင်လို့ရနေတုန်းပါ
ကျွန်တော် ချစ်တာကို
……..သူ…သိ…..အောင်……….
ဘယ်တော့မှမကြိုးစားဘူး
သူ ဘယ်သူ့အနားမှာပဲရှိနေရှိနေ
သူ ဘယ်သူ့ကြောင့်ပဲပြုံးနေပြုံးနေ
သူ ဘယ်သူ့အကြောင်းပဲတွေးနေတွေးနေ
ကျွန်တော့အသက်ရှူသံတွေမပျောက်ခင်
ကျွန်တော့နှလုံးခုန်သံတွေမရပ်တန့်ခင်မှာ
သူ အမြဲတမ်းပျော်နေစေဖို့
ကျွန်တော့အချစ်တွေကိုစတေးရင်း
ကျွန်တော့ နှလုံးသား
တစ်စစီဖြစ်သည့်တိုင်
သူ့   ရဲ့
အဝေးဆုံးမှာ  နေ
သူ့အဝေးဆုံးကသေလို့
မျက်ရည်ဆိုတာ. . . . .
သူမသိတော့သည့်တိုင်အောင်
တိတ်တိတ်လေးပေးဆပ်နေမယ်   
။။ ။။ ။

19th February ,2013                                 Ray
21:30                                                     
                                                         
အထူးတောင်းပန်ခြင်း
ကျွန်တော် ဒီစကားကိုပြောရခြင်းသည် လုံးဝမပြောချင်ပဲပြောရခြင်းဖြစ်ပါသည်
ကဗျာညီအစ်ကိုမောင်နှမတွေ တစ်နေ့နေ့မှာ ကျွန်တော်ဟာ လူလိမ်တစ်ယောက် လူညာတစ်ယောက်လို့ထင်သွားမှာကို
သေလောက်အောင်စိုးရိမ်ပါသည်
အမှန်တော့ ကျွန်တော် မည်သူတစ်ဦးတစ်ယောက်ကိုမှ လိမ်ထားခြင်း ဖုံးကွယ်ထားခြင်းမဟုတ်ပါ
အပြင်လောကမှာ ကျွန်တော်ကဗျာရေးတာကို ပြသနာရှာချင်သူများရှိပါသည် ထို့အတွက်ကြောင့် ကလောင်နာမည်ကို ကျွန်တော့နာမည်အရင်းမထားကာ ကျွန်တော်သည်လည်း မိန်းကလေးလို့မပြောခဲ့ခြင်းဖြစ်ပါသည်
ယခုအမှန်အတိုင်းပြောရခြင်းကလည်း ကျွန်တော့ကို အစ်ကိုလို ညီလို မောင်လို ခင်နေကြတဲ့ ဒီကဗျာဆိုဒ်လေးက သူငယ်ချင်းတွေ တစ်စုံတစ်ယောက်ရဲ့သွေးထိုးစကားကြောင့် ကျွန်တော့ကို စိတ်ကွက်သွားမှာမျိုးမဖြစ်စေချင်ပါ ဒီကဗျာဆိုဒ်က ညီအစ်ကိုမောင်နှမတွေကို ကျွန်တော်တစ်ခါမှမမြင်ဖူးပေမယ့် ကျွန်တော့မှာ အစ်မလည်းမရှိ ညီမလည်းမရှိသည့်အတွက် ဒီဆိုဒ်က ညီအစ်ကိုမောင်နှမတွေကို ကျွန်တော့ ညီအစ်ကိုမောင်နှမအရင်းလိုခင်တယ် ဒါကြောင့် မတတ်သာလို့ ကျွန်တော့်ဘက်ကအမှန်အတိုင်းမပြောခဲ့ရတာကို ကြာလာရင် ချဉ်ကုန်ကြမှာစိုးလို့ ကျွန်တော် အမှန်အတိုင်းပြောရခြင်းပါ ဒီစာလေးဖတ်ပြီး မကျေနပ်တဲ့သူများရှိရင် ကျွန်တော့ gmail account ကို add ပြီး မကျေနပ်တာများကိုပြောနိုင်ပါတယ်
ဒီစာလေးကို ဖတ်ပေးကြတဲ့ ကဗျာညီအစ်ကိုမောင်နှမအားလုံးကို ကျေးဇူးအထူးတင်ပါတယ် သက်သက်မဲ့ လိမ်ထားခြင်းမဟုတ်သော်လည်း စိတ်ထဲမှာနည်းနည်းခုသွားရင် ကျွန်တော်တောင်းပန်ပါတယ် ~~ ~

In: ကဗျာ Posted By: Date: Feb 22, 2013
Comment #1

😀

let it b. it’s ok.
don’t worry so much.
everything has its own reasons.
noone is perfect.
nothing is impossible.
i know that we all understand & feel sympthatic to all of ur conditions.

we all r fris.
we all love poems.
that’s the main point.
we don’t have any chance to say urs personalties.
so it isn’t important whether u r girl or boy.

commentinfo By: ei lay at Feb 22, 2013
Comment #2

Million Thanks Ma Ei Lay to understand my words and I really appreciate your mind.

With respect,
RAY

commentinfo By: X - ray at Feb 23, 2013
Comment #3

ဘာပဲဖြစ်ဖြစ် ပရိတ်သတ်ပါ ရေး….
ဘာပဲဖြစ်ဖြစ် ညီအကိုမဟုတ်ရင် မောင်နှမတွေပေါ့….
ဟုတ်တယ်နော်

commentinfo By: နိုးဆက် at Feb 23, 2013
Comment #4

အကြင်သူ X-Ray သည်
ကျွန်တော့် မောင်လေး ဟု သတ်မှတ်၍ ရင်းနှီး ချစ်ကျွမ်းဝင်လျက်ရှိရာ
ခု မိန်းမလေး ဟု ၀န်ခံသွားသဖြင့် အသည်းမွှာ တွင် လွန်ကျူးစွာထိခိုက်နာကျင်မိသွားပါသဖြင့်
သင့်အား ယနေ့မှ စ၍

ချစ်လှစွာသော ညီမလေး ဟု ခေါ်ဆိုခြင်းဖြင့် ဒဏ်ခတ်သွားမည်ဖြစ်ကြောင်း

( အမ်မလေး ဟေးးဟေးးး ဒေါ်မိုးတို့  ဘယ်တော့များမှ စွံတော့မည် မသိ …ဟင့်ဟင့် ..ကကျိကကျိဖြစ်ခဲ့သမျှ….၀ါးးးးးးးး – ရင်ဘတ်စည်တီးသံ ) 😛

commentinfo By: အသဲကွဲ မိုး at Feb 23, 2013
Comment #5

အားပေးဖတ်ရှုသွားပါတယ်ဗျာ…..

commentinfo By: moehtetaung18 at Feb 23, 2013
Comment #6

ကျွန်တော်ကတော့ ဒဏ်ခတ်ဘူး မိန်း က လေး ဆို တော့ ကောင်း တာ ပေါ့ ဗျာ…ဟဲဟဲ (Just Kidding)

commentinfo By: နိုးဆက် at Feb 23, 2013
Comment #7

မအိလေးတို့ ကိုနိုးဆက်တို့ မအသဲကွဲမိုးတို့ လို ပါပဲဗျာ…. 😀
ဗွေမယူပါဘူးခင်ဗျာ
ကျေနပ်ပါတယ်ခင်ဗျာ … 😀
ကဗျာလေးကိုလည်းခံစားချက်တွေတိုက်ဆိုင်စွာနဲ့ ပဲ အားပေးဖတ်ရှုသွားပါတယ်…
အစ်ကို X-Ray 😀 အစ်မ X-Ray 😀 (just kidding )

commentinfo By: loafer at Feb 23, 2013
Comment #8

right….
poems are poems.
poets are poets.
the poets create poems.
that’s all.
no need to consider whether the poets are boy or girl.
no need to consult about personalties.
🙂
feel free.

commentinfo By: ei lay at Feb 23, 2013
Comment #9

ဟိုက် !!!!!!!!!!!! ကျွန်တော်က ကျွန်တော့ကို အကြီးကြီးတင်းသွားကြပြီလို့ထင်တာ အခုလို ပြေပြေလည်လည် စကားပြန်ပြောကြမယ်လို့လုံးဝထင်မထားဘူး တကယ်ဝမ်းသာတယ်ဗျာ
ကဗျာညီအစ်ကိုမောင်နှမတွေက ကျွန်တော်ထင်ထားတာထက်ကို ပိုပြီး မောင်နှမစိတ်ဓာတ်ရှိတာပဲ
ကျွန်တော့ကို စိတ်နည်းနည်းခုနေကြသည်မှာမှန်သော်လည်း အခုလိုနားလည်ပေးနိုင်ကြတဲ့အတွက် တကယ်ကိုကျေးဇူးတင်တယ်ဗျာ ကဗျာလေးကို အားပေးသွားတဲ့ ကိုမိုးထက်အောင် ကျေးဇူးပါဗျာ ကိုLoaferရေ အစ်မX-ray လို့တော့မခေါ်ပါနဲ့ နားထဲမှာကန့်လန့်ကြီးဗျ
ကျွန်တော့ကို နည်းနည်းလေးမှစိတ်မဆိုးပဲ နားလည်မှုပေးနိုင်ကြတဲ့ ချစ်ညီအစ်ကိုမောင်နှမများကို ကျွန်တော်အမြဲတမ်းခင်နေမှာပါဗျာ ~~

With respect,
RAY

commentinfo By: X - ray at Feb 23, 2013
Comment #10

ငါကျတော့မပါဘူး…ရပါတယ်အေ

ရပါတယ် …

commentinfo By: အသဲကွဲ မိုး at Feb 23, 2013
Comment #11

ခံစားအားပေးသွားပါတယ်ဗျာ။

commentinfo By: မာန်ခက်ဝင့် at Feb 23, 2013
Comment #12

ဘယ်သူဘယ်ဝါပဲရေးရေး..အနုပညာဖန်တီးတာက ဖန်တီးတာပါပဲ။ကဗျာကိုချစ်တဲ့စိတ်ကသာ..ပိုသာ ပိုအရေးကြီးပါတယ်..x -ray…ရေ။ဒီကဗျာလေးကလည်း ရင်ကိုထိရိုက်မိ..ကြောင်းပါ..ခင်ဗျာ။

commentinfo By: poem.poem28 at Feb 23, 2013
Comment #13

ဟာ အစ်မတော်မိုးကလည်း အီသလွတ် ရှိတ်ရှိုးနေပြန်ပီ
ကျွန်တော့ကို နားလည်ပေးတဲ့ အစ်မတော်မိုးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ ကယ် ရှိတ်ရှိုးပြေတော့နော် အစောကြီးကတည်းကလည်း ကျွန်တော် ကျွန်တော့ကို နားလည်ပေးတဲ့ ကဗျာညီအစ်ကိုမောင်နှမအားလုံးကို ကျေးဇူးတင်တယ်လို့ပြောပြီးပါပြီဗျာ​ ~~

ကျွန်တော့ကဗျာကို အားပေးသွားတဲ့ ကိုမာန်ခက်ဝင့် ကျေးဇူးပါဗျာ
ကိုgeniusရေ နားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် နောက်ဆိုရင် comment ရေးတဲ့အခါ ခင်ဗျာလို့မသုံးပါနဲ့ဗျ နားထဲမှာ ကန့်လန့်ကြီး အရင်တုန်းက ကျွန်တော့ကဗျာတွေကို အားပေးသလိုပဲ ပေါ့ပေါ့ပါးပါးကဗျာကိုအားပေးပါဗျာ ~~

With respect,
RAY

commentinfo By: X - ray at Feb 24, 2013
Comment #14

ခင်ဗျာဆိုတာက..ယဉ်ယဉ်လေးနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျား…လက်ခံပါတယ်ခင်ဗျား..အဲလိုလေးပြောချင်တာ..x-ray့ ကန့်လန့်ဖြစ်တယ်ဆိုတော့လည်း မပြော၊မသုံးတော့ပါဘူးဗျာ……

commentinfo By: poem.poem28 at May 31, 2013
Comment #15

X-Ray ခင်ညား လာအပ်ထားတဲ့ ဖွဘုတ် ဘာနံမည်မှန်းလည်းအနော်မသိ ..မသိလည်းနေဟာဆိုပြီး add သမျှ လက်ခံပလိုက် …သို့သော်လည်း ခင်ဗျား အရိပ်အယောင်ကျွန်တော်မတွေ့…

သတိရ …တမ်းတ….ဒါပဲ ဒေါ်မိုး ဒေါဖောင်းနေပြီနော်

မုန့်လုံးရေပေါ်တွေ ပေါ်လိုက်ပျောက်လိုက်နဲ့ ..ငါ့ပစ်ထားကြတာများ
ဘယ်လိုက်ရှာရမတုန်း

commentinfo By: အသဲကွဲမိုး at May 31, 2013
Comment #16

အစ်မတော်မိုးရယ် ဒေါသမထွက်ပါနဲ့ ဒေါသထွက်ရင် ပါးရေတွန့်မြန်တယ် အသက်ငယ်ငယ်နဲ့ အဖွားကြီးဖြစ်နေပါဦးမယ်
မုန့်လုံးရေပေါ်ဆိုတာ ဘယ်သူ့ပြောတာတုန်းဗျ လျှောက်မပြောပါနဲ့ မအသဲကွဲမိုးရယ် ~~

commentinfo By: X - ray at Jul 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment