Professional Authors

ကျွန်တော့ရဲ့ သူရဲကောင်း

သူ့မှာ

ကမ္ဘာနဲ့ ချီပြီး ဂုဏ်သတင်းတွေ မရှိပါဘူး

အိုနာစစ်လိုလည်း ပိုင်ဆိုင်မှုတွေ မရှိပါဘူး

ဘွဲ့ ထူး၊ ဂုဏ်ထူးတွေ လည်း အများကြီး မရှိပါဘူး

 

သူ့မှာ

ကျွန်တော့ကို ချစ်တဲ့ နှလုံးသားတခု ရှိတယ်

ကျွန်တော် လေးစားအထင်ကြီးတဲ့ အနစ်နာခံမှု တွေရှိတယ်

လက်ဆင့်ကမ်း အမွေခံခွင့် ရချင်တဲ့ ရိုးသားမှုတွေရှိတယ်

အားကျအထင်ကြီးလောက်တဲ့ တည်ငြိမ်ခြင်းတွေရှိတယ်

 

မိုးကောင်းကင်တခုလို့

သူ့ခနာနဲ့ ကျွန်တော့ကို တသက်တာ ကာကွယ်ပေးခဲ့တယ်

ကြိုးတစ်ချောင်းလို

သူ့ဘ၀နဲ့ ကျွန်တော့ကို အပေါ်ဆုံးရောက်အောင် ဆွဲတင်ပေးခဲ့တယ်

 

ခေါင်းငိုက်စိုက်ကျပြီး

လမ်းပျောက်နေချိန်မှာ သူအားပေးခဲ့တယ်

အသက်ရှူသံတွေ အကြိမ်ကြိမ်

ပျောက်ဆုံးတော့မယ့် သားတစ်ယောက်ကို

သူ အကြိမ်ကြိမ် လက်ကမ်းပေးခဲ့တယ်

ကျွန်တော်

အောင်မြင်နေချိန်မှာ

သူ အဝေးက ငေးကြည့်နေခဲ့တယ်

 

အဖေ

သားရဲ့ ကြိုးလေးကို

သား ဘယ်လို လက်ကမ်းရမယ်ဆိုတာ

အဖေ သားကို အထိရောက်ဆုံး သင်ကြားပေးခဲ့ပါတယ်။

 

(ကဗျာ ခေါ်လျှင် ခေါ်ဆိုနိုင်ပြီး.. မဟုတ်ချင်လည်း မဟုတ်ပါ)

In: ကဗျာ Posted By: Date: Dec 12, 2012
Comment #1

Nice

commentinfo By: ei lay at Dec 12, 2012
Comment #2

great bro

commentinfo By: မေပျို at Dec 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment