Professional Authors

ကျွန်တော်ဟာ နှင်းဆီတပွင့် ဖြစ်ခဲ့ဖုး…….

လူတချို့လို…
ကမ္ဘာကြီးကို ရောင်းစားဖို့
ကျွန်တော် မကြံစည်ခဲ့ဖူးဘူး….
သစ်ပင်အရိပ်ကို မော့မော့ကြည့်.တဲ့ နေ့စွဲတွေကြားမှာ.
ကျွန်တော်ဟာ. သူမ အတွက်
နှင်းဆီ တပွင့်. ..ဖြစ်..ခဲ့..ဖူး…
အနီတွေ တသီသီ ပွင့်လို့ ။. ။
ရေသောက်မြစ် ခန်းတဲ့
တနေ့ မြေမခကြေး …
မှတ်တိုင်တွေ.. ပြီးတော့ မိုင်တိုင်တွေ….
ကျွန်တော် အိမ်ကနေ မပြေးခဲ့ပေမယ့်…
ကျွန်တော့်ဆီ.က အိမ်ထွက်ပြေးသွား..
ကျည်ဆန်တွေ ……ဓားမြှောင်တွေ ..
ပြီးတော့ စာချုပ်တွေ…
ကတိက၀တ်တွေ တစုံတရာ မပါပဲ
ဟောဒီ ရင်ဘတ်ကြီးးး
သူမ ဆီမှာ ရောင်းစားခဲ့။ ……
မဖြစ်သေးပါဘူးလေ….
ကိုယ့်အရိပ် ကိုယ်ပြန် မနင်းခင်လေး.
ကမ္ဘာကြီးနဲ့ ….. မိတ်ဆွေဖွဲ့ဦးထားမှ…..
တကယ်တော့ ဒီနေ့ဆိုတာ
မနေ့ကရဲ့ မနက်ဖြန် ပါ။ ။ ။

In: ကဗျာ Posted By: Date: Feb 18, 2013
Comment #1

mike de

commentinfo By: ei lay at Feb 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment