Professional Authors

“လွမ်းရုံဖြင့်သာ”

“ခံစားချက်နဲ့ စကားလုံးတွေဟာ
ပြောင်းပြန်အချိုးကျတယ်”တဲ့ 
ရင်ဘတ်ကြီး ပြည့်သိပ်လာလို့ 
စကားလုံးတွေအန်မထွက်တော့တာပ

ါ …

မသိကျိုးကျွံ့ ပျက်ရယ်ပြုနေတဲ့ 
နင့်စကားလုံးတွေရဲ့ 
အနက်နဲ့  သီအိုရီကို
ငါ့နှလုံးသားက ပိုက်စိပ်တိုက် ရှာချင်နေခဲ့တယ် …

နိုးတစ်ဝက်အိပ်မက်တွေနဲ့ 
ရှတတ နှလုံးသားတစ်စုံက
ခပ်မွမွလေး လွမ်းချင်နေခဲ့တာ
ဘာဖြစ်လို့ များလဲ မသိပါဘူးကွာ …

ပုံပြင်ဆန်ဆန် ရူးသွပ်တတ်လို့ ပဲလား
ရိုးသားစွာ လျှို့ ဝှက်တတ်ချင်ခဲ့လို့ လား
ငါ့ကိုယ်ငါ မကွဲပြားသေးပေမယ့်
ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းတစ်မျိုးဆိုရင်
နင့်ကိုယ်ငါချစ်ကြောင်း
ဘာမှမပြောဘဲ (ငြိမ်ပြီးတော့) နေပါရစေတော့လား ….

အလွမ်းတွေ ဗလပွနဲ့ 
ဟောဒီ ရင်ဘတ်ကြီးထဲမှာ
နင်ဆိုနင်မှ တမ်းတနေတာ
ငါ့ရင်ခုန်သံတွေ ရှင်းသန့် ကြောင်း
ငါ့အလွမ်းတွေ ရိုးသားကြောင်း
ဆယ်သက်၊ဆယ်ကမ္ဘာ ကျိမ်ပြောရဲပါတယ် …

ကဗျာတစ်ပုဒ်
ပန်းတစ်ဆုပ်လောက်နဲ့ မှ
အချစ်ကို show ထုတ်ပြလို့ မရတဲ့ 
ဒီခေတ်ကြီးထဲမှာ
လူဖြစ်ရတဲ့ ငါက
ကဗျာသီဖွဲ့ ကာ ပေးကူလို့ 
တစ်နာရီခွဲစာ ဝေးသူသို့  ~~~~~~~~~~~~

♥MOESUTNAY♥

18.5.2010(Tue)
1:30 a.m.

In: ကဗျာ Posted By: Date: Jul 24, 2010
Comment #1

စန္ဒီအားပေးသွားတရ်နော့..

commentinfo By: sandi at Jun 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment