Professional Authors

`ခြေရာ´ မင်းထက်ညိမ်း

`ခြေရာ´
မင်းထက်ညိမ်း
*တံလျှပ်တွေ ပလုံစီနေတဲ့
ဟောဒီ
ဘ၀လမ်းကြမ်းထက်မှာ
ဘယ်လိုပဲ နင်းလျှောက်ရပါစေ
လှမ်းဝင်လိုက်တဲ့ ခြေလှမ်းတိုင်းကို
အမြဲတမ်း ညင်သာစေချင်သူပါ
ကနဦးထဲက
အစီအစဉ်မကျခဲ့တဲ့ ဘ၀မှာ
စိတ်လိုလက်ရ ရှင်သန်ခွင့် မရပေမယ့်
အလေးမမှန်တဲ့ လောကဓံ ဈေးသည်ကို လည်း
နှုတ်လှန်မထိုးခဲ့ပါဘုး။
ဟောဟို
မျက်ထောင့်နီကြီးနဲ့
ပရောဂ အမှောင်တွေက
ငှက်ပျောသီး အခွံနွှာသလို
ငါ့ အရေပြားကို
အစိမ်းလိုက် ခွာချခဲ့လေတော့
ယိုင်နဲ့နေတဲ့ ဘ၀ဟာ
ဝါးပိုးဝါး တစ်လုံးကို တခဲ့မိပေမယ့်
ဘယ်တော့မှ
ရေကြည်တွေကို မွှေနှောက်ခဲ့မှာ မဟုတ်ဘူး။ ။
မင်းထက်ညိမ်း

In: ကဗျာ Posted By: Date: Nov 18, 2012
Comment #1

Laee sarr mi par de.

commentinfo By: ei lay at Nov 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment