ချစ် ပင့်ကူ
တဒုတ်ဒုတ်နဲ့ခုန်နေတဲ့ရင်
ဘယ်လိုမှ ငါ အရှိန်သတ်မရ
သူမ သူမ သူမ ကျွန်တော် ပါးစပ်က
မရေရွတ်
ကျွန်တော်နှလုံးသားကရေရွတ်နေ………………….
ချည်နေတဲ့ ကြိုး
ဝေးလေတင်းလေ
မမြင်ရလေ ပိုလွမ်းလေ
သူမနားက ကျွန်တော် ဝေးဝေးမသွားနိုင်
ဝေးဝေးမနေနိုင်
ကြာကြာနေလေ
ပိုနှောင်လို့နေလေပေါ့………..
သံမဏိကြိုးမျှင်လေ
ဘယ်သူမှ မနှောင်
ကျွန်တော်ဘာသာကျွန်တော်နှောင်
ဘယ်သူမှ မရက် ကျွန်တော် ဘာသာရက်တဲ့ပိုက်ကွန်
ဘယ်သူမှ မထောင် ကျွန်တော် ဘာသာ ထောင်တဲ့ ထောင်ချောင်
ဘယ်သူမှ မပို့ ကျွန်တော် ဘာသာကျွန်တော်ပို့တယ်
ပိုက်ကွန်ထဲ ညှိနေတဲ့
ကျွန်တော် နှလုံးသားကကျွန်တော်ကို ပြုံးပြုံးကြီး
ပြန်ကြည့်တယ်
ပြီးတော့ ပြောတယ်
စိတ်ချမ်းသာလားတဲ့………………
ရင် ထဲ မှာ ပီတိ ပူစီဖောင်းတွေထလို့…………
ကျွန်တော်ပျော်တယ်..
မနက်ဖြန် ၁၀:၀၀ တဲ့ ရွှေတိဂုံဘုရားပေါ်မှာ ဟီး…………………………….။
Comment #2
အဆင်ပြေပါစေနော် ဟိဟိ
By: မေပျို at Dec 3, 2012
Comment #3
Ku to twar u tar a sin pyay hmar pop loh.
😛
Ei doe a twat par Su taung pay ke par naw.
A hak…a hak…
😛
By: ei lay at Dec 4, 2012
Comment #4
Really love both title & poem.
By: ei lay at Dec 22, 2012




Comment #1
He..he…
Big Smile.
🙂
So much Cute.