Professional Authors

G I P S Y

တစုံတခုဟာ တခါတလေဆိုတာ ထက် မရုန်းနိုင်အောင် ဖမ်းစားထားတယ်

အဲဒီအလေ့အထအတွက် ပင်ပန်းခြင်း၊ခက်ခဲခြင်း ဆိုတဲ့ ဆုလာဒ်ကို လည်း ငါရရှိခဲ့ပြီးဖြစ်တယ်

 

အကြောင်းပြချက် တခုတလေရယ်မှ အမည်မတပ်နိုင်သေးပဲ

ဇွတ်လျှောက်နေတဲ့လမ်းမှာ ပန်းတိုင်ဟာ ဝေေ၀၀ါးဝါး

အဆုံးသတ်ကိုလည်း မစခင်ကတည်းက ကြိုမြင်ခဲ့ပါလျှက်နှင့် ကွယ်

 

ဒါဟာ တယူသန်တာ ..ဒါဟာ မူမမှန်တာ ..မဟုတ် မဟုတ်ဘူး

ဒါဟာ …. ဘယ်လို ပြစ်မှုအမျိုးအစားလည်း ခုချိန်ထိ ခွဲခြမ်းစိတ်ဖြာမရနိုင်ပဲ

ကိုယ်စိတ်နှလုံး သုံးပါးလုံးဟာ တွယ်ငြိနေ ငါသိခဲ့ဖူးတဲ့ ခေါင်းစဉ်တွေထဲမှာ လည်း

ဖြစ်မျိုး ဆင်တူ မရှိခဲ့ခြင်းအတွက် ဘယ်အရပ်သို့လှည့် အမိရယ် အဖရယ် မြည်တမ်းဖို့ ခက်

တဖြည်းဖြည်းနဲ့ တိုက်စားချက်က ငါအသက်ဆက်နေရတဲ့ မျှော်လင့်ချက် အတိုင်း အသွင် အဖြစ် ကူးပြောင်းလာခဲ့တယ်

 

 

ရွှေ့တယ် မရွေ့ဘူး

လျှောက်တယ် မရောက်ဘူး

လှည့်ပြန်နေတဲ့ခြေလှမ်းတွေဟာ ဆန့်ကျင်ဘက်လားရာသို့မရောက်ပဲ သည်ဦးကိုပဲ ပြန်ပြန်မှောက်ခဲ့

မနက်ခင်းမရှိ ညခင်းမသိ တားမြစ်ချက် တို့ရဲ့ အလွန် မှာ ဘောင်တွေ သတ်မှတ်ချက်တွေ တစစီပြန့်ကျဲ

သေချာတယ်

ငါ

သည်လမ်းမှာ ဆက်လျှောက်ဖို့ လမ်းပျောက် ချင် နေ တတ် ပြီ

 

မသွားဘူး မသွားတော့ဘူး

မလုပ်ဘူး မလုပ်တော့ဘူး စသဖြင့်သော   ဆင်ခြင်တုံတရားဟာ လေငွေ့ပျယ်သလို ထက်ကောင်းကင်ယံမှာ ဝေဟင်ဝဲခဲ့

နောက်တခေါက်ဆိုပြီး ပြန်ပြုတ် အကျမှာ  သူ (ဆင်ခြင်တုံတရား)  မ ပါ လာ တော့ ဘူး

 

ဒါဘာလမ်းလည်း ငါသိတယ်

ဒါဘာလမ်းလည်း ငါမသိဘူး

 

တွေဝေခြင်းတွေ ထပ်တူကျတဲ့ ပွဲမှာ မသိစိတ်စေရာ ခိုင်းကျွန်နွားကဲ့သို့ သည် လမ်း ကို နှစ်နှစ်ခြိုက်ခြိုက် ထမ်း ပိုးနေဆဲ

 

 

ဘယ် ရွေ့ ဘယ် မျှ ဘယ် အခိုက်အတန့်မှာ ဘယ် အရှိန် နဲ့ ရပ်တန့်နိုင်မလည်း

 

ငါ       မှန်း        ဆ     ရန်        မ      တတ်      စွမ်း         သာ     တော့

 

 

သည်လိုနဲ့ပဲ သည်လမ်းမှာ ငါဟာ ခြေစုံ ကန် ရင်း   မက် မက် မော မော လွင့် မျော

In: ကဗျာ Posted By: Date: Nov 9, 2012
Comment #1

အရေးအသားလေးတွေကောင်းတယ်

commentinfo By: မေပျို at Nov 9, 2012
Comment #2

thx xo much.
🙂

commentinfo By: ei lay at Nov 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment