Professional Authors

အွန်လိုင်းပေါ်ကဝေဒနာများ…။

အသံလေးကြားရုံ၊ ရင်ခုန်လှုပ်ရှား
အာရုံများစွာ၊ စီးဝင်နစ်မြော နင့်အပြောထဲ
စွဲလမ်းတပ်မက် ရှောင်ဖို့ခက်ခဲ့ ဆင်ခြင်မဲ့တဲ့ ဝေဒနာ…။

မမြင်ဖူးတဲ့ နင့်မျက်နှာ
ဖြူသလား၊ မဲသလား မကွဲပြားလည်း
စိတ်ကူးပုံခြယ် ငါ့အာရုံဝယ်
သာယာကြည်နူး အပျော်ကျူးခဲ့ မိုက်မှားမိတဲ့ ဝေဒနာ…။

နင်ပြောသမျှ အလိမ်အညာစကား
ယုံးမှားသံသယ စိုးစဉ်းမျှမရှိခဲ့
ပြောသမျှယုံ စိတ်အစုံပုံခဲ့ အယုံမှားတဲ့ ဝေဒနာ…။

တစ်နေ့သောအခါ
အလိမ်အညာစကား သူ့အပြောများထဲ
ဖြစ်ကြောင်းကုန်စင် အမှန်မြင်လည်း
နောက်ဆုတ်ဖို့အရေးကြောက်ကာတွေးခဲ့ အသိမဲ့တဲ့ ဝေဒနာ…။

ဒီလိုနဲ့ပဲ
ဝေဒနာများစွာ ရင်မှာဖြစ်ထွန်း
ရှေ့ တိုးမရ၊ နောက်ဆုတ်မရနဲ့ 
ပိတ်လှောင်မွန်းကြပ် ထုံးနှောင်ဖြတ်မရ
ထွက်ပေါက်မဲ့ခဲ့ အသက်ပျောက်မဲ့ဝေဒနာ…။

ရွှေသမီး ( ပျဉ်းမနား )
၇.၁.၂၀၁၃ တွင် စတင်ရေးဖွဲ့ ပြီး ၁၄.၂.၂၀၁၃  တွင်ပြီးဆုံးသည်။
(အွန်လိုင်းပေါ်ကအညာခံရသူများအားလုံးအတွက်)

In: ကဗျာ Posted By: Date: Feb 14, 2013
Comment #1

phat shu arr pay twar par de

commentinfo By: ei lay at Feb 14, 2013
Comment #2

အားပေးဖတ်ရှု့ သွားတဲ့ အိလေးကိုကျေးဇူးတင်ပါတယ်။

commentinfo By: Shwethamee at Feb 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment