Professional Authors

မေမေရဲ့ မျက်ရည်တွေ နဲ့ လှနေတဲ့ ငါ

တစ်ခါ တစ်ခါ
အိပ်မက် ဆန်ဆန်
တွေးဖူးပါတယ်
ဒီ…………………
မြို.ထဲက  ငါ
ထွက်နိုင်မလားလို.။

မွေးကတည်းက
လောင်းရိပ်အောက်မှာ
ရှင်သန်ခဲ့တော.
ကိုယ်. ကို ကိုယ် လေ
ဘာမျိုးစေ. မှန်း
မသိခဲ့တာ
ဆန်းသလား ဟာ။

ဝေေ၀ ၀ါးဝါး
အိပ်မက်တွေရဲ့
အလင်းကိုလေ
ငါ…………………
ခဏ ခဏ
မျှော်မျှော် ပြီးတော.
ကြည်.တတ်လာတယ်။

ဒီလိုနဲ့ပဲ
မြို.ရိုးတံတိုင်းကို
ကျော်ကြည်.ချင်တလာတယ်
မေမေရယ်
ဟို အပြင်မှာ
ဘာတွေ ရှိလဲဟင်။

ကြာလာတော.လည်း
ဟန်ဆောင်ခြင်းများရဲ့
အလည်မှာ ငါလည်း
အမဲလိုက် အက ကို
က  လာတတ်ခဲ့ပါတယ်။

ဝမ်းမနည်းပါနဲ့
မေမေရယ်….
စွန်းပေနေတဲ့
ဒီ………………
အရောင်တစ်ကွက်နဲ့တော.
လောကကြီးက မှောင်မည်းမသွားပါဘူး။

ကြာလာတော.လည်း
အိပ်မက်တိုင်းကို
ကြိုးချည်တတ်လာတယ်
မျှော်လင်.ချက်တွေကိုလည်း
ဝါးမျိုတတ်လာတယ်။

ဒီလိုနဲ့ပဲ
ဒီလိုနဲ့ပဲ
မေမေ ရယ်
မငိုပါနဲ့ မငိုပါနဲ့နော်
ဒီမှာလေ
ဒီမှာ………………………….
အ ရောင် တွေ နဲ့ မလှ ဘူး လား ……………………………………….။
                                                                                      
wx@d…?

In: ကဗျာ Posted By: Date: Jul 14, 2011
Comment #1

ဝမ်းမနည်းပါနဲ့
မေမေရယ်….
စွန်းပေနေတဲ့
ဒီ………………
အရောင်တစ်ကွက်နဲ့တော.
လောကကြီးက မှောင်မည်းမသွားပါဘူး။

ကြာလာတော.လည်း
အိပ်မက်တိုင်းကို
ကြိုးချည်တတ်လာတယ်
မျှော်လင်.ချက်တွေကိုလည်း
ဝါးမျိုတတ်လာတယ်။
ကျွန်တော်..နှစ်သက်တယ်

commentinfo By: အသဲကွဲမိုး at Jul 14, 2011
Comment #2

ဟုတ် ကျေးဇူးပါနော အသဲကွဲနေတဲ့ မိုးကြီး

commentinfo By: wxad at Jul 15, 2011
Comment #3

ဝမ်းမနည်းပါနဲ့
မေမေရယ်….
စွန်းပေနေတဲ့
ဒီ………………
အရောင်တစ်ကွက်နဲ့တော.
လောကကြီးက မှောင်မည်းမသွားပါဘူး။

ကြာလာတော.လည်း
အိပ်မက်တိုင်းကို
ကြိုးချည်တတ်လာတယ်
မျှော်လင်.ချက်တွေကိုလည်း
ဝါးမျိုတတ်လာတယ်။

မိုက်တယ်ဗျာ…ကြိုက်တယ်……။

commentinfo By: terry at Jul 25, 2011
Comment #4

ကြိုက်တယ်

commentinfo By: မိုးသစ်လေပြေ at Jul 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment