Professional Authors

ကောင်းကင် ကမ္ဘာရဲ့ ခရီးသည် (ကြသပတေးကြယ်၏ တင့်တယ်ခြင်း အငွေ့အသက်များ)

 

 

(၁)

သူမ ပြန်လာပြီ…။


ဆံနွယ်ခက်များအကြား

Jupiter ရဲ့အငွေ့အသက်များကို ရုပ်သိမ်း..

စိမ်းမြ စိုပြေခြင်း ကမ္ဘာမြေပေါ်

တန်ခိုးအာနုဘော် အပြည့်နဲ့ ဆင်းသက်ဖို့

လေထုပါးပါး ကိုသူမထွင်းဖောက်ထွက်ခွာလာခဲ့ပြီ…..

 

နွေလို နွေးထွေးစွာ ပြုမူ…

မိုးပွင့်ဖြူဖြူလေးတွေလို ခရီးဆန့်..

ကိုယ့်   နှလုံးသားကို လွမ်းဆွတ်ခြင်း သံပတ်ပေးလို့

ကမ္ဘာမြေကနေ ခေတ္တ ပြေးထွက်သူ…

လမင်း ဆီကအပြန်ခရီးစဉ်မှာ

ပိုင်စား ခုံမင် ခဲ့ရသမျှ ..ကောင်းကင်တေးသွား တိုင်းကို

ဇွန်လရဲ့ မိုးစက်များလို သွန်းဖြိုးရွာကျ ပေးလိမ့်ဦးမယ်….။

 

အဲဒီ မိန်းကလေး….ပေါ့

နေမင်းကြီးကို ကျော်ဖြတ်..

ကူးခတ် ရွက်လွှင့်လာခဲ့တယ်..။

သံစဉ်များနှင့် တင့်တယ်စွာခရီးဆက်

နဂါးငွေ့တန်း ဂလက်ဆီ တောင်မှ

သူမ အလင်းတန်းများကြောင့် ကိုယ်ရောင်ပျက်ပြယ်…။

 

နိဗ္ဗာန်ဘုံကို ချစ်မြတ်တန်ဖိုးထားကြသလိုမျိုး..

သုခအပြည့်နဲ့ အတူ..

ပူလောင်ခြင်းတွေတိုးမပေါက်တဲ့ သူမထံပါး..

နေမိသားစုတစ်စုဟာ ရောင်ဝါတွေနည်းကျန်ခဲ့ရရှာ….

ကိုယ်ပိုင်အလင်း တန်းများေ၀၀ါး

အားလုံး….သူမကိုသာ  တန်ဖိုးထားခဲ့ကြရ…။

 

(၂)

သူမ ပြန်လာပြီ….။

 

ဝင့်ထည်သောအဆင်းဖြင့်ပင်

ကြယ်စင် နက္ခတ်အစုတို့ကို ဖြတ်သန်း

မြေကမ္ဘာဆီ အပြန်လမ်းကို ဖွေရှာငြိမ်ဆိတ်..

စိတ် ၀ိညာဉ် ရဲ့ အသန့်စင်ဆုံးခရီးစဉ်ကနေ

သူမ ပြန်လာခဲ့ပြီ….။

 

အံ့အားသင့်ဖွယ် စိတ်ဓါတ် ခွန်အားနဲ့

ကြယ်တံခွန်တွေ ကြွေကြစေအပြီး….

ကမ္ဘာမြေကို ထွန်းညှိဖို့

ကောင်းကင်ကမ္ဘာ ရဲ့ နက္ခတ်ဆည်းဆာကို

လက်ဆောင် အဖြစ် ရယူပိုင်ဆိုင်ရင်း..

ကြယ်ပျံကလေးတစ်လုံးလို

ကမ္ဘာမြေဆီ ကြွေဆင်းလာခဲ့ပြီ…….။

 

သူမရဲ့ ခြေဖ၀ါးတို့ကို

လေကြမ်းက မနာလိုစွာ တိုက်ခိုက်..

ထိခိုက်လဲကျစေ…..

(သို့သော်လည်း…သူမမညွှတ်တွား..

နေ့အလင်းထဲမှာပင် ကြယ်တာရာတို့နှင့် တွဲဖက်ကခုန်ခဲ့ရ….။။)

 

မြေပြင်က ပန်းတို့သည်ပင်

ပွင့်ဖက်များကို ရှက်ရွံ့စွာကွယ်ဝှက်

မြေထက်သက်မဲ့ အလင်းကချေသည်ကို ကြိုလင့်မျှော်ရီ….။

 

* (နေ့အလင်းထဲက ကောင်းကင်ကြယ်တစ်ပွင့်ဆန်ဆန်

မင်းကို မမြင်ရဘူး..ဒါပေမဲ့

မင်းရဲ့စူးရှရှ ပျော်မွေ့မှုကို ငါတို့ကြားရပါရဲ့) * ……. (တာရာမင်းဝေ)


(၃)

အာလုံးပြီးဆုံးသွားတဲ့ အခါ..

နဂါးငွေ့တန်းကို ကျောခိုင်းလျောက် ..

မိုးသောက်ကြယ် (သောကြာကြယ်) ရဲ့ နှလုံးသား ကိုသာ

ခူးခြွေပန်ဆင်ခဲ့ပါ မိန်းကလေးရေ….


ကမ္ဘာမြေမှာ……တော့

တစ်ခဏတာ မင်းစွန့်သွားတဲ့ ကမ္ဘာမြေမှာ..တော့

ငါနဲ့  ကဗျာပေါင်းများစွာ

မင်းနှလုံးသားက လင်းရောင်ခြည်ကို ငတ်နေကြရဲ့……

……………………………

အိုဘယ့် အလင်းက ချေသည်..နတ်မိမယ် ကလေးရယ်….။

 

နိုးဆက် နေ့

(Train ၏ Drops Of Jupiter သီချင်းကိုမှီးပါသည်.. တိုက်ရိုက်ဘာသာပြန်ထားခြင်း မဟုတ်ပါသဖြင့် ကွဲလွဲမှုများ ရှိနိုင်ပါကြောင်း)

In: ကဗျာ Posted By: Date: Feb 12, 2013
Comment #1

oh my god
so much lovely.

commentinfo By: ei lay at Feb 12, 2013
Comment #2

ဟဲ နှစ်သက်တယ်ပေါ့… နဂိုသီချင်းကိုက ကောင်းတာဗျ အ..ကြောင့်မို့ပါ

commentinfo By: n$n at Feb 12, 2013
Comment #3

ဖတ်သွားပါတယ် အစ်ကို…။

train – calling all angles လည်းမိုက်တယ် 😀

commentinfo By: loafer at Feb 12, 2013
Comment #4

တကယ်တော်တဲ့ ကဗျာဆရာတစ်ယောက်ပါပဲဗျာ….

commentinfo By: moehtetaung18 at Feb 12, 2013
Comment #5

အားလုံးကို တောင်းပန်အပ်ပါတယ်… ရေးပြီး (တစ်ချို့တွေလည်း ဖတ်ပြီးမှ ) ကဗျာရဲ့ တစ်ချို့နေရာတွေမှာ ထောက်ထောက်သွားလို့ ….. စာသားတွေ တော်တော်ပြင်ပစ်လိုက်ရတယ်..

(ကျွန်တော် ချစ်ခင်မြတ်နိုးတဲ့ ကချေသည်လေးကို ပိုလှစေချင် လို့ပါ..ခင်ဗျာ)

အားလုံးကို ကျေဇူးတင်ပါတယ်…

(နိုးဆက် နေ့)

commentinfo By: 13th at Feb 13, 2013
Comment #6

i don’t know both the singer & the songs.
just feeling ur entertainment & enjoy ur creation.
thz for sharing lots of ur knowledges.
i do appreciate with ur effort & powerful skilful creations.

commentinfo By: ei lay at Feb 13, 2013
Comment #7

သူမ ပြန်လာပြီ…။

ဆံနွယ်ခက်များအကြား

Jupiter ရဲ့အငွေ့အသက်များကို ရုပ်သိမ်း..

စိမ်းမြ စိုပြေခြင်း ကမ္ဘာမြေပေါ်

တန်ခိုးအာနုဘော် အပြည့်နဲ့ ဆင်းသက်ဖို့

လေထုပါးပါး ကိုသူမထွင်းဖောက်ထွက်ခွာလာခဲ့ပြီ…..

နွေလို နွေးထွေးစွာ ပြုမူ…

မိုးပွင့်ဖြူဖြူလေးတွေလို ခရီးဆန့်..

ကိုယ့် နှလုံးသားကို လွမ်းဆွတ်ခြင်း သံပတ်ပေးလို့

ကမ္ဘာမြေကနေ ခေတ္တ ပြေးထွက်သူ…

လမင်း ဆီကအပြန်ခရီးစဉ်မှာ

ပိုင်စား ခုံမင် ခဲ့ရသမျှ ..ကောင်းကင်တေးသွား တိုင်းကို

ဇွန်လရဲ့ မိုးစက်များလို သွန်းဖြိုးရွာကျ ပေးလိမ့်ဦးမယ်….။

အဲဒီ မိန်းကလေး….ပေါ့

နေမင်းကြီးကို ကျော်ဖြတ်..

ကူးခတ် ရွက်လွှင့်လာခဲ့တယ်..။

သံစဉ်များနှင့် တင့်တယ်စွာခရီးဆက်

နဂါးငွေ့တန်း ဂလက်ဆီ တောင်မှ

သူမ အလင်းတန်းများကြောင့် ကိုယ်ရောင်ပျက်ပြယ်…။

နိဗ္ဗာန်ဘုံကို ချစ်မြတ်တန်ဖိုးထားကြသလိုမျိုး..

သုခအပြည့်နဲ့ အတူ..

ပူလောင်ခြင်းတွေတိုးမပေါက်တဲ့ သူမထံပါး..

နေမိသားစုတစ်စုဟာ ရောင်ဝါတွေနည်းကျန်ခဲ့ရရှာ….

ကိုယ်ပိုင်အလင်း တန်းများေ၀၀ါး

အားလုံး….သူမကိုသာ တန်ဖိုးထားခဲ့ကြရ…။

……………………………………………..

သူမရဲ့ ခြေဖ၀ါးတို့ကို

လေကြမ်းက မနာလိုစွာ တိုက်ခိုက်..

ထိခိုက်လဲကျစေ…..

(သို့သော်လည်း…သူမမညွှတ်တွား..

နေ့အလင်းထဲမှာပင် ကြယ်တာရာတို့နှင့် တွဲဖက်ကခုန်ခဲ့ရ….။။)

မြေပြင်က ပန်းတို့သည်ပင်

ပွင့်ဖက်များကို ရှက်ရွံ့စွာကွယ်ဝှက်

မြေထက်သက်မဲ့ အလင်းကချေသည်ကို ကြိုလင့်မျှော်ရီ….။

commentinfo By: သွဲ့သွဲ့ at Feb 23, 2013
Comment #8

ကြိုက်တာ….ဟာ.။

နောက်ဆုံးအပိုဒ်ကြီးကတော့ တော်တော်ဖျက်တယ်ထင်တယ်… အဲဒါကြီးကတော့ ခိုးလိုးခုလုဖြစ်သွားတယ်…

commentinfo By: သွဲ့သွဲ့ at Feb 23, 2013
Comment #9

ကျေးဇူးဟာ သွဲ့ လေး ပြီးတော့ ဆောရီး။ ဟုတ်တယ်ဟ နောက်ဆုံးက ဘောင်လွတ်သွားတယ်

commentinfo By: နိုးဆက် at Feb 23, 2013
Comment #10

ကောင်းတယ် ငါ့ကောင် ငါကြိုက်တယ်

commentinfo By: သီဟန်စိုး at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment