Professional Authors

နိစ္စဓူဝ ကောင်းကင်

*   လေသွေးရာဆောင်းရူးကြား
    ပြောင်းကူးသွားတဲ့ ကြယ်စင်များအတွက်
    ကောင်းကင်ရဲ့ အခင်းတ၀က်ဟာ
    လင်းရာမှ….မှိန်ပျောက်ခဲ့တယ်။

*  လောကဟာ..ကလီကမာနဲ့
    မုသားတွေ ထောင်ချီ သိမ်းပိုက်ထား
    မြေလွှာပေါ်နားတဲ့ နှင်းစက်
    တခါတခါ မျက်ရည်
    တခါတခါ ငွေ ငွေ့
    အဖြူကာလာနည်း ရောင်စုံမျက်လွှာထဲ
    ကြိမ်ဖန်များစွာ စိုက်စိုက်ကျ
     အငိုက်မိသွားတဲ့ အထဲ ကောင်းကင်လည်းပါခဲ့တယ်။

*   ကြာတော့လည်း……………….
     နင်းခြေရာ မြက်ဖျာထဲ
     ကိုယ့်အသည်းကိုယ် ချခင်းရင်း
     ငိုခဲ့သမျှ
     စိုခဲ့သမျှ
     လိုအပ်မှု မရှိတော့တဲ့ ရင်ခွင်
     ပြိုလဲသွားတဲ့အချစ် ဖြေသိမ့်လို့မရတဲ့အပြစ်   ဖြည်ချလို့ မရတဲ့ အဖြစ်။


ခေါက်ရိုးကျိုးနေ့စွဲတွေထဲ
ပြက္ခဒိန်ထက် အသစ်စက်စက်ရေးခြစ်စတမ်းလည်းဆိုရော

လက်ထိုးလို့ပျို့အန်ခြင်း တချို့နဲ့
ငါဟာ
ကြယ်ငတ်ရင်း
အက်ကြောင်း အထပ်ထပ် ကာရံတွေ ရေးဖွဲ့နေဖြစ်ရင်း
အလင်း မှန် သမျှ. မှောင်မိုက် ခြင်း အတိနဲ့ သေဆုံးခဲ့တယ်။

In: ကဗျာ Posted By: Date: Apr 18, 2012
Comment #1

ကြိုက်ပါသည်…လေ့လာသင်ယူမိပါ၏

commentinfo By: Ko Phyo at Apr 19, 2012
Comment #2

အရောင်စိမ်းကြီးနဲ့မို့ ဖတ်ရတာ တမျိုးကြီးပဲ

commentinfo By: ကံ့ကော်မောင် at May 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment