Professional Authors

ကျွန်တော် နှင့် နွေ

ဆောင်းတစ်ခုရဲ့ အိပ်မက်ပြခန်းမှာ ဘာရောင်ဘာသွေးမှ တောက်ပမလာခဲ့ဘူးနွေ

၉ လ လွယ် ၁၀ လ ဖွား ခါးနားခဲ့ရတာနဲ့တောင် မတန်ပါဘူး

အိပ်မက်ကလေး ဟာ အသေ

 

နွေရေ….အဲဒီခင်ဗျားပိုင်ဆိုင်တဲ့ အပူပြင်းဆုံးအလင်းရောင်ခြည်ကို ကျွန်တော့်အတွက် သီးသန့် ထား

တခါတလေ ငဲ့ကွက်ခြင်းတွေ မပါပဲ နောက်ဆံတင်းတင်း တောက်လောင်ပြစ်လိုက်စမ်းပါ

နောက်ဆုံးအချိန်မှာ ကျွန်တော်

ဝ  အောင် ငို ခဲ့ချင်သေးတယ်

 

ခံတွင်းနံ့ မရှင်းပဲနဲ့ တော့   အာခေါင်ထဲမှာလည်း မနေချင်စမ်းပါနဲ့

ကျွန်တော်လို လူရဲ့  အသည်း

(ဒီခေတ်မှာတောင်)

၂ ကျပ်ဖိုး ၃ ခု ဘေထုတ်ထဲမှာပဲ တန်းဝင်တာပါနွေ

ခင်ဗျား … သိချင်ယောင်ဆောင်လိုက်စမ်းပါ

 

နွေ

ခင်ဗျားပင်လယ်ပြင်မှာ  အပေါဆုံးက ကျွန်တော့်မျက်ရည်တွေ ဖြစ်မယ်ထင်ပါရဲ့

စိတ်ယိုင်လို့  ညွှတ်တိမ်းချင်တဲ့အခါ

ခြေစုံကိုချ  အသန့် ရှင်းဆုံး ဆေးကြောပြစ်လိုက်ယုံကလွဲ

ကျွန်တော့်ကို ရင်ဝယ်ပိုက် မမိုက်ချင်စမ်းပါနဲ့

 

ကျွန်တော်ဟာ ဗဟုသုတ နည်းတဲ့ကောင်ပါနွေ

ပိပိရိရိလည်း မလိမ်တတ်ခဲ့ဘူး

ကိုယ့်အမြီး ကိုယ်ပြန်မြိုချရင်း

မတန်မရာအိပ်မက်ကို စလွယ်သိုင်းထားခဲ့တဲ့ကောင်

ကျေးဇူးပြု၍ ကျွန်တော့်ကို

အသံထုတ် လှောင်ပါ

 

အတိတ်မဲ အရိပ်မဲတွေနဲ့ ခပ်မှောင်မှောင်ချောင်မှာ ပိတ်လှောင်နေယုံကလွဲ

ခင်ဗျား စာမျက်နှာထက် လှမ်းတက်ဖို့  မရဲဝံ့ခဲ့သူမို့ 

 

ကျွန်တော် အိပ်မက်အသေလေးနဲ့အတူ

အက်ဆစ်ရေ တွေ သောက်သုံးရင်း

အနာဂတ်မှာ ဗိုက်မှောက်လို့  အိပ်နေပါရစေတော့

 

ကျွန်တော့်ကို မေ့ ပြစ် လိုက် ပါ နွေ

In: ကဗျာ Posted By: Date: Feb 5, 2013
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Feb 5, 2013
Comment #2

ကဗျာကောင်းလေး အားပေးသွားပါတယ်ဗျာ…….

commentinfo By: moehtetaung18 at Feb 5, 2013
Comment #3

အတိတ်မဲ အရိပ်မဲတွေနဲ့ ခပ်မှောင်မှောင်ချောင်မှာ ပိတ်လှောင်နေယုံကလွဲ

ခင်ဗျား စာမျက်နှာထက် လှမ်းတက်ဖို့  မရဲဝံ့ခဲ့သူမို့ 
အားပါးပါးဆိုတဲ့စကားကို…လေသံခပ်ပျော့ပျော့နဲ့ပဲ……..ကဗျာထဲမှာ စီးမျောပစ်လိုက်တယ်

commentinfo By: ic23u0 at Feb 7, 2013
Comment #4

ကျွန်တော့်နွေလေးကို အားပေးတဲ့ ချစ်မောင်နမများအားလုံး ကျေးဇူးတင်ပါတယ်ခင်ဗျ

commentinfo By: အသဲကွဲမိုး at Apr 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment