Professional Authors

တိတ်တဆိတ်

စာမရေးဖြစ်တာကြာပြီဖြစ်တဲ့ လက်ချောင်းကလေးတွေနဲ့တယုတယနှုတ်ဆက်တယ် ခင်ဗျားတယောက်နေကောင်းပါရဲ့လား?

 

အိပ်မက်တွေမမက်တော့တာကြာပြီဖြစ်တဲ့ မျက်ဝန်းအသေလေးတွေနဲ့ထွေးပိုက်ထားပါရစေဦး တချိန်တုန်းကဆိုတာထက်

ရက်လွန်နေတဲ့ အတိတ်တွေကိုပေါ့

 

ဘယ်လိုလည်း လို့  ပြန်မေးရင် “အဆင်ပြေပါတယ်” လို့ပဲပြန်ဖြေတတ်တဲ့ကောင် – ကျွန်တော့်မှာ မျက်ရည်ထက်နက်တဲ့ဒဏ်ရာ

တွေနဲ့ ပါ ဗျာ

 

ခင်ဗျား သွားပါ …ခုအတိုင်းပဲ အဝေးဆုံးကိုသွားပါ ဒီတခါကျွန်တော်အမြှီးမနှံ့တော့ဘူး ပြီးဆုံးသွားပြီဆိုတာ အသံတွေထက်ပို

ကျယ်လောင်တဲ့ အတွက် နှလုံးသားအပြည့်နဲ့ ကျွန်တော် ကြားပါတယ်။

 

ထပ်မမြည်ပါနဲ့တော့ ဖုန်းသံရယ် …….. မျှော်သူမဟုတ်တဲ့ ဘ၀မှာ လူအသေ စိတ်အသေနဲ့ ရှိရှိသမျှ အရာအားလုံးလည်း တိတ်

ဆိတ် ငြိမ် သက်ခြင်း နဲ့ ဂုဏ်ပြုနေပါစေတော့။ ခင်ဗျားဟာ တခါတလေ ဆိုတာထက် ကျွန်တော့်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။

 

ကဝေလည်းမဟုတ်ဘူး စုန်းလို့ လည်းမစွပ်စွဲဘူး ခွဲခွာခြင်းမှတ်တိုင်ရဲ့ အနီးဆုံးလူဘ၀မှာ ကျွန်တော်ဟာ အဆင်ပြေနေပါတယ်

 

ခင်ဗျားဓာတ်ပုံလေး ကြည့်လိုက် ခင်ဗျားခံစားချက်တွေ နားလည်လိုက်ရင်း နဲ့ ပဲ လုံးပါး ပါးလာတဲ့ ဘ၀တခုမှာ အနာဂတ်အထွေ

အထူးလည်း မလို အပ်တော့ပါဘူး

 

ပြိုကျတယ် . မှောင်သွားတယ် .ရှုံးသွားတယ် … ဘာညာရယ် ညာရယ် မှ မဟုတ် ပဲ ဘာရယ်ညာရယ်ထက် ပိုညဥ့်နက်တဲ့

လောကဓံကြားမှာ ကျွန်တော်လူးလိမ့် ခင်ဗျားမပါလို့ ပဲ လိုင်းပုတ်ချက်တွေ ပိုကြမ်းနေသယောင် အကျဉ်းတန်အရောင်တွေနဲ့

ကြားသမျှ မြင်သမျှဖြစ်လာသမျှ အကောင်း အကောင်း အကောင်းလို့  ဖြေသိမ့်နေရင်းကပဲ အဲဒီကြယ်ကြွေတွေကို ကောက်သိမ်း

နေမိတယ် တကယ်တော့ မျှော်လင့်ချက်ဆိုတာ သွေးအေး လူသတ်သမားပါ။

 

ခင်ဗျားကကျွန်တော် ကျွန်တော်က ခင်ဗျား ဘယ်သူ့အလှည့်မှ မရှိချင်တော့တဲ့ အတုံ့အလှည့်ဆိုတာကြီးနဲ့ ကျွန်တော့်ကို

ကျွန်တော်ကျိမ်တယ် – ဒီစာမှာ အချစ်အကြောင်းမပါစေဖို့ တဲ့ ။

 

ကောင်းကင်ကြီးကလိမ်တယ် ..ကြယ်ကြွေတွေလည်းလိမ်တယ်..တပွင့်တဖတ်ခြင်းခြွေချပြတဲ့ ပန်းဗေဒင်တွေကလည်းလိမ်တယ်

စာကလေးတွေလည်းလိမ်တယ်..လက္ခဏာတွေကလည်း လိမ်တယ်  ….. လိမ်တယ် ..အသွားအပြန်တွေကလည်းလိမ်တယ်

ရောင်ပြန်ဟတ်ခြင်းတွေကလည်းလိမ်တယ်..ခင်ဗျားကလည်း ……………………………………..လိမ်တယ် …အဲဒီအလိမ်အညာ

တွေကြား တရွာတကျီရယ် မှ မ တရွာ မတကျီနိုင်ပဲ ဒီနေရာလေးကိုပဲ အသေအချာ ပွေ့ပိုက်လို့  ကျွန်တော်ကလည်း ကျွန်တော့်

ကိုယ် ကျွန်တော် ပြန်လိမ်တယ်

ဒါဟာ ကမ္ဘာဦးထဲက ကျိမ်စာတခုလို့  သတ်မှတ်ရင်း ခင်ဗျားရယ်သံတွေနဲ့ အတူ ပိုင်ရှင်မဲ့နေတဲ့ နံရိုးတချောင်းဘ၀မှာနေပျော်

ရင်း ကျွန်တော်ဟာ နှလုံးသားမျှော်လင့်ချက်ကို ချိတ်ပိတ်လို့  တံခါးစေ့လိုက်တယ်

 

သေချာတယ် ဒီစာမှာ ခင်ဗျားကိုချစ်တဲ့အကြောင်း ထည့် မရေး ထား ဘူး

 

ခင်ဗျား …………၀င်     မ

                       လာ 

                        ခဲ့

                         ပါ        နဲ့ .

In: ကဗျာ Posted By: Date: Sep 11, 2012
Comment #1

:'(
:'(
:'(
make me feel upset

commentinfo By: ei lay at Sep 11, 2012
Comment #2

ခင်ဗျား သွားပါ …ခုအတိုင်းပဲ အဝေးဆုံးကိုသွားပါ ဒီတခါကျွန်တော်အမြှီးမနှံ့တော့ဘူး ပြီးဆုံးသွားပြီဆိုတာ အသံတွေထက်ပို

ကျယ်လောင်တဲ့ အတွက် နှလုံးသားအပြည့်နဲ့ ကျွန်တော် ကြားပါတယ်။

ထပ်မမြည်ပါနဲ့တော့ ဖုန်းသံရယ် …….. မျှော်သူမဟုတ်တဲ့ ဘ၀မှာ လူအသေ စိတ်အသေနဲ့ ရှိရှိသမျှ အရာအားလုံးလည်း တိတ်

ဆိတ် ငြိမ် သက်ခြင်း နဲ့ ဂုဏ်ပြုနေပါစေတော့။ ခင်ဗျားဟာ တခါတလေ ဆိုတာထက် ကျွန်တော့်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ကဝေလည်းမဟုတ်ဘူး စုန်းလို့ လည်းမစွပ်စွဲဘူး ခွဲခွာခြင်းမှတ်တိုင်ရဲ့ အနီးဆုံးလူဘ၀မှာ ကျွန်တော်ဟာ အဆင်ပြေနေပါတယ်

commentinfo By: zawthetoo at Sep 11, 2012
Comment #3

တကယ်တော့ မျှော်လင့်ချက်ဆိုတာ သွေးအေး လူသတ်သမားပါ။
ကျေးဇူးပါ..မမိုးစာသားလေးတွေလေ့လာခွင့်ရလို့ 

commentinfo By: loafer at Sep 11, 2012
Comment #4

ဒီနေရာလေးကိုပဲ အသေအချာ ပွေ့ပိုက်လို့  ကျွန်တော်ကလည်း ကျွန်တော့်

ကိုယ် ကျွန်တော် ပြန်လိမ်တယ်

commentinfo By: may at Sep 13, 2012
Comment #5

ထပ်မမြည်ပါနဲ့တော့ ဖုန်းသံရယ် …….. မျှော်သူမဟုတ်တဲ့ ဘ၀မှာ လူအသေ စိတ်အသေနဲ့ ရှိရှိသမျှ အရာအားလုံးလည်း တိတ်

ဆိတ် ငြိမ် သက်ခြင်း နဲ့ ဂုဏ်ပြုနေပါစေတော့။ ခင်ဗျားဟာ တခါတလေ ဆိုတာထက် ကျွန်တော့်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။

တစ်ပုဒ်လုံးကောင်းတယ်ဗျာ…ခံစားချက်နဲ့တိုက်ဆိုင်နေတဲ့အပိုဒ်လေးကိုပိုအားပေးသွားပါတယ်ဗျို့…
ဦးညွတ်လျက်….

commentinfo By: သက်တံရောင် at Sep 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment