Professional Authors

ကျွန်တော်… သို့သော်… ကျေးဇူးပြု၍


ကျွန်တော်…
မြစ်လိုတသွင်သွင်စီးဆင်းချင်သည်
သို့သော်…
ကျွန်တော့်ကြောင့်တော့်
ဘယ်သူ့မှ မြစ်ကျိုးအင်းတွေ ဖြစ်မကျန်ရစ်စေချင်ပါ
ကျေးဇူးပြု၍
ကျွန်တော့်အပေါ်ကို အမှိုက်သရိုက်တွေ အညစ်ကြေးတွေ မစွန့်ပစ်ကြပါနဲ့။

ကျွန်တော်…
ရွှေကန်ထဲမှ ကြာပန်းမဟုတ်ပါ
သို့သော်…
ရွံ့ညွန်ထဲမှ ကြာပင်ဖြစ်ပါစေ
အကောင်းဆုံးရနံ့နှင့် သင်းပျံ့ကြီးထွားနိုင်ပါတယ်
ကျေးဇူးပြု၍
ကျွန်တော့်ကို လွတ်လပ်စွာ ပွင့်လန်းခွင့်ပေးပါ။

ကျွန်တော်…
လောကအတွက်
စိန်တစ်ပွင့်လို အဖိုးတန်ချင်မှတန်ပါမည်
သို့သော်…
ကျောက်ခဲတစ်လုံးလောက်တော့ တစ်ထောင့်တစ်နေရာမှာ အသုံးဝင်ပါသည်
ကျေးဇူးပြု၍
တခါတရံမှာ ဖြစ်တတ်သော ကျွန်တော့်မာကျောမှုကို သည်းခံပေးပါ။

ကျွန်တော်…
ပခုံးပေါ်တွင် ၀န်ထုပ်ဝန်ပိုးများစွာ ပါလာသည်
သို့သော်…
တတ်နိုင်သရွေ့ ရှောင်ကွင်းသွားပါမည်
ကျေးဇူးပြု၍
တိုက်မိချိတ်မိလျှင်ခွင့်လွှတ်ပေးကြပါ။

ကျွန်တော်…
လျှောက်ရမည့် ဘ၀ခရီးက အကွေ့အကောက်များပါသည်
သို့သော်…
ကိုယ့်လမ်းကိုယ် ဖြောင့်မတ်မှန်ကန်စွာသွားပါမည်
ကျေးဇူးပြု၍
လမ်းဖယ်ပေးကြပါ။

ကျွန်တော်…
အဖြူရောင်သန့်သန့်ဖြင့်နေပါသည်
သို့သော်…
အစွန်းအထင်မခံပါ
ကျေးဇူးပြု၍
ကျွန်တော့်ကို အရောင်တွေမတင်ပါနှင့်။

ကျွန်တော်…
ကိုယ့်သမိုင်းကိုယ် ရေးပါသည်
သို့သော်…
ကျွန်တော့်သမိုင်းထဲတွင် သင်တို့အကြောင်းတွေပါနေသည်
ကျေးဇူးပြု၍
သင်တို့မကောင်းကြောင်းများပါနေလျှင် နားလည်ပေးကြပါ။   ။

လှိုင်မျိုး

In: ကဗျာ Posted By: Date: Apr 7, 2011
Comment #1

လှိုင်ကြီးရေ……..
ဒီကဗျာလေး ကို နင်ငါတို့မေးတွေထဲ ပို့ကတည်းက ငါကြိုက်တယ်
နင်ကံကောင်းမှာပါ သူငယ်ချင်းရာ

……………..

commentinfo By: waimhucho at Apr 7, 2011
Comment #2

ကောင်းတယ်…အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Apr 8, 2011
Comment #3

ကောင်းတယ်ဗျာ….အားပေးသွားပါတယ်
ကိုလှိုင်မျိုး

commentinfo By: genius.jinx28 at Apr 9, 2011
Comment #4

Good …./ Like this 🙂

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #5

ကျွန်တော်…
လျှောက်ရမည့် ဘ၀ခရီးက အကွေ့အကောက်များပါသည်
သို့သော်…
ကိုယ့်လမ်းကိုယ် ဖြောင့်မတ်မှန်ကန်စွာသွားပါမည်
ကျေးဇူးပြု၍
လမ်းဖယ်ပေးကြပါ။

ကျွန်တော်…
အဖြူရောင်သန့်သန့်ဖြင့်နေပါသည်
သို့သော်…
အစွန်းအထင်မခံပါ
ကျေးဇူးပြု၍
ကျွန်တော့်ကို အရောင်တွေမတင်ပါနှင့်။

အားပေးသွားပါတယ်….ကဗျာကောင်းလေးတစ်ပုဒ်ပါ

commentinfo By: ကေသရီ at Oct 10, 2011
Comment #6

wiow…
mike de kwar…
but,,,,
be thu hma lan phe pay hmar hote bu naw…
kou ko tine tun phe hma pe twar loh ya hmar..
lu phyit ya de doke kha pop

commentinfo By: ei lay at Dec 13, 2011
Comment #7

ကျွန်တော်…
ပခုံးပေါ်တွင် ၀န်ထုပ်ဝန်ပိုးများစွာ ပါလာသည်
သို့သော်…
တတ်နိုင်သရွေ့ ရှောင်ကွင်းသွားပါမည်
ကျေးဇူးပြု၍
တိုက်မိချိတ်မိလျှင်ခွင့်လွှတ်ပေးကြပါ။

အဲဒီနေရာလေးကြိုက်တယ် ..း) အားပေးနေပါဒယ်

commentinfo By: အချော်ကင် at Sep 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment