Professional Authors

မိုးချုပ်လို့မှောင်တာလား ၊ နေဝင်လို့မှောင်တာလားမသိပေမယ့် ကျွန်မသစ်ပင်တော့မိုးမိနေပြီ ။

ဟိုး အရင် အတိတ်မှာတုန်းက ကျွန်မပြောပါတယ် . . စကားလုံးတွေစီပြီး ကစားတာ
မကောင်းဘူးလို့ ကျွန်မ ပြောခဲ့ပါတယ် ပစ္စုပ္ပန်ကကျွန်မနဲ့မမှီမကမ်းရှိနေတဲ့အခိုက်မှာ
အရာရာဟာ လူ/သူ ပြော များတဲ့ ပြဇတ်တစ်ပုဒ် / သူကတစ်ခန်းရပ်ပါလို့
အဝေးကြီးမှာပါလို့ပြောပြောပြီး ကျွန်မကိုယ်ကျွန်မအနည်ထိုင်ပြရတာလည်း
သူများမျက်လုံးထဲစပါးမွှေးစူးးစရာကိစ္စပဲ အခိုက်အတန့်တွေအားလုံးကို
အဝေးထိန်းခလုတ်တစ်ခုနဲ့ထိန်းချုပ်လိုက်တော့ ကျွန်မတို့အားလုံးရပ်တန့်ခဲ့ရတာပဲမဟုတ်လား
လူ့ဘဝဆိုတာကိုက လုပ်ကြံဖန်တီးထားတဲ့ ဖြစ်စဉ်ကြီးတစ်ခုပဲ . . အနေအထိုင်မတက်လို့
ကျိုးကျရင်လည်း ကိုယ်ပဲခံရ . . အနေတက်အထိုင်တက်တော့လည်း တက်နင်းခံရတာပဲ . .
မနက်ဖြန်တွေကို တစ်စစီဆွဲထုတ်ပြီး သပ်သပ်ရပ်ရပ် ရင်ဘတ်မှာ ချိတ်ဆွဲထားဖို့ကိုလည်း
ကျွန်မ မနက်ဖြန်တွေက ကျွန်မကို ခွင့်မပြုပြန်ဘူး . . အစ်ကိုရေ ကျွန်မက အလွမ်းကို အလွမ်းလို လွမ်းပါရစေ ဘယ်လိုအမှောင့်ပယောဂမှမပါဘဲ ကျွန်မ စက္ကူဖြူတစ်ရွက်ဖြစ်ပါရစေ . .
စီတန်းထားတဲ့လူတန်းရှည်ကြီးကို မြင်ရင် ကျွန်မအလိုလို မျက်ရည်ကျမိတယ် . .
အတွေးတွေကို နက်သထက်နက်အောင်တူးပြီး ကိုယ့်ကိုယ်ကို တစ်စချင်းဆွဲထုတ်ကြည့် မိတော့လည်း
မျက်ရည်ကျမိတာပဲ . . တစ်နေရာရာမှာ ပြုတ်ကျကျန်ခဲ့တဲ့ခံစားချက်တွေ
အပေါ်မှာ နောက်ထပ်ခလုတ်တစ်ခုကို မမြင်ချင်တော့ဘူး အသက်ရှုရခက်အောင်လုပ်တက်တဲ့
နောက်ဆုံးပေါ်စက်ပစ္စည်းသစ်တစ်ခုခုများရှိရင် ကျွန်မခဏအရေခွံခြုံထားချင်တယ် . .
မှတ်ဥာဏ်တွေက မှတ်မိသမျှထဲမှာ အခုအချိန်ကမကောင်းဆုံးပဲ . . ထိမိသမျှခိုက်တက်လွန်း
လို့ ကုသိုလ်ကောင်းမှုတွေအများကြီး လုပ်တာတောင် ကြေကွဲရတာပဲ အဖတ်တင်တယ် . . လွတ်လပ်စွာတွေးခေါ်ခွင့်ကိုပိတ်ပင်လိုက်ကတည်းက ကျွန်မလူလားမြောက်ခဲ့ တော့တာပဲ ။

မိငြိဏ်းခက်

In: ကဗျာ Posted By: Date: Jan 31, 2013
Comment #1

Khan sarr arr pay twar par de.

commentinfo By: ei lay at Feb 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment