Professional Authors

ရေအိုင်အိုငယ်

ရေအိုင်အိုလေးပါ
နှုတ်ခမ်းတို့ ပက်ကျားအက်နေပေမယ့်
မြက်နုနုတို့ အားပေးဆဲပေါ့…..။
သစ်ရွက်ကြွေတွေ
အသားအရေကိုအုပ်မိုးတဲ့
လေအလာမှာ
ဟိုကမ်းဒီကမ်းကို
ခိုလှုံဆဲပေါ့…..။
ကိုယ့်မျက်နှာကို
အရောင်ဆိုးခဲ့ 
အရိပ်တို့ ပြေးလွှားရင်း
အမူအရာကိုအုပ်မိုးတယ်…..။
အတိတ်ကအနိမ့်အမြင့်
ဘယ်သူရေးလို့ 
ရာဇ၀င်တွင်မလဲ…။
ခမ်းလုပြီ….
ရေအိုင်ငယ်….
ဘယ်အချိန်ရေခပ်ဆင်းပါ့မလဲ
ကြွေလုလု
ပန်းပွင့်ငယ်ရယ်…။

In: ကဗျာ Posted By: Date: Jan 30, 2013
Comment #1

Khan sarr r pay twar par d.

commentinfo By: ei lay at Feb 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment