Professional Authors

မျက်ရည်တချို့…..အက်ကွဲသံ

ကဗျာတွေစာတွေမျက်ရည်စက်လက်နဲ့ရေး

နင့်အကြောင်းတွေးနေချိန်ဆို

ဒီရင်ဘတ်တချက်တချက်

ရင်နင့်အောင်နာတတ်တယ်

 

အမြဲတမ်းအရူံးပေးနေတဲ့ငါ

ခုလည်းကျေနပ်စွာပြုံးပေးနေပါတယ်

ဒီအသည်းနင်အထပ်ထပ်ခွဲလဲ

ငါမမုန်းတတ်ခဲ့တာ…ယုံ……

 

တခါတလေယောင်ယမ်း…..

နင်လာရာလှမ်းကိုမှန်းမျှော်ကြည့်

နင့်အတွေးထဲမှာတော့ငါဆိုတာ

ရှိမနေခဲ့တာလည်းအမှန်ပါ

 

ခုဆို……..

နင့်ဘေးကအသစ်ကလေးနား

င့ါလိုပဲစကားတွေဖောင်ဖွဲ့

နင်တယောက်ပျော်နေလောက်ရောပေါ့

ငါကတော့နင့်ဓါတ်ပုံလေးတွေကို

တွေး….ဆွေး….ငေး…..

နင်သိပ်တော်ခဲ့တယ်

ငါဘယ်လိုမှမမုန်းနိုင်လောက်အောင်နင်ဟန်ဆောင်ကောင်းခဲ့တယ်

 

ကျေနပ်ပါတယ်ဟာ…..

နောက်ပြီးနေတတ်အောင်လည်းကြိုးစားခဲ့တယ်

နင့်အတွက်ဆိုဘယ်သူနဲ့မှမတူအောင်

ငါဖြည့်ဆည်း….အရာရာပေးဆပ်ခဲ့တယ်ဆိုတာ

နင်အသိအမှတ်ပြုခဲ့ရင်ပဲ

ငါဖြေတတ်ပါပြီ

 

ဆည်းဆာ

 

In: ကဗျာ Posted By: Date: Nov 21, 2011
Comment #1

ကျေနပ်ပါတယ်ဟာ…..

နောက်ပြီးနေတတ်အောင်လည်းကြိုးစားခဲ့တယ်

နင့်အတွက်ဆိုဘယ်သူနဲ့မှမတူအောင်

ငါဖြည့်ဆည်း….အရာရာပေးဆပ်ခဲ့တယ်ဆိုတာ

နင်အသိအမှတ်ပြုခဲ့ရင်ပဲ

ငါဖြေတတ်ပါပြီ
လုလင် ခံစား အားပေးသွားပါသည်

Comment #2

ကဗျာကောင်းလေးပဲဗျာ
ကျွန်တော် နှစ်သက်..လို့အားပေးသွားပါတယ်…

commentinfo By: အသဲကွဲမိုး at Nov 23, 2011
Comment #3

ကဗျာလေးကိုခံစားအားပေးသွားတဲ့လုလင်ကိုကော
နှစ်သက်လို့အားပေးသွားတဲ့မိုးကိုကောကျေးဇူးပါ

commentinfo By: ဆည်းဆာ at Nov 23, 2011
Comment #4

ငါကတော့နင့်ဓါတ်ပုံလေးတွေကို

တွေး….ဆွေး….ငေး…..

နင်သိပ်တော်ခဲ့တယ်

ငါဘယ်လိုမှမမုန်းနိုင်လောက်အောင်နင်ဟန်ဆောင်ကောင်းခဲ့တယ်
ခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment