နောင်တ တံခါး
သမိုင်းဆိုတာ ပြီးဆုံးသွားတဲ့
လမ်းတွေပါ
ငါရှေ့မှာ တော့လာမထုတ်ပြပါနဲ့
မင်နဲ့ ငါနဲ့မှာ အနာဂတ်အလွဲတွေ
ရှိနေပြီးသားပါ
သံယောဇဉ် စိုက်ခဲ့တယ်လို့တော့မပြောပါနဲ့
ဝင်ခဲ့တဲ့ သံမှိုတချောင်း ရိုက်တုန်းက ချိန်ရိုက်ခဲ့ရတာပါ
နှုတ်တဲ့ အချိန်မှာလည်း ပြန်ဖြောင့်မလာနိုင်မှန်းသိပါတယ်
ချိန်ဆမှုမမျှတဲ့ မေတ္တာတချို့ကြောင့်ဆိုရင်တောင်
ခေါင်းတခုလုံးမှာ မင်းရှိနေတယ်ဆိုတာကို
မေ့လျော့မနေသင့်ဘူး
်တုန့်ပြန်မှုကတော့ တခုတည်းပဲ
ရက်စက်ခြင်းတွေလှပနေရလောက်အောင်လည်း
မာယာအသုံးအနှုန်းတွေ
ငါ့ ယဉ်ကျေးမှုမှာ မထွန်းကားသေးဘူး
ဒါပေမယ့်လည်း ငါ့မှတ်တိုင်လေး
ဓါးမွန်းခံခဲ့ရတယ်
နာကျင်မှုတွေကို တစစီဖြတ်ထုတ်မနေတော့ပါဘူး
အမြစ်ပါ တခါတည်းတူးဖော်ပါရစေ
ဖြစ်ပျက်သဘောတွေလည်း
ဖြစ်ပြီး ပျက်ပြီးခဲ့ပြီးပဲ
မျော်လင့်ခြင်းအလွဲတွေကို
ဦးနှောက်က စားသုံးမိတော့လည်း
ကောက်ကြောင်းမဲ့ ဘ၀တခုနောက်
လိုက်သွားမိတယ်
ကျောက်တုံးတောင်မှ
ပဲ့သွားရင် အရာကျန်ခဲ့သေးတာ
လူဖြစ်တဲ့ “ငါ”
အသားမာတက်နေတဲ့ နှလုံးသားထင်ပြီးများ
မင်းရက်စက်လိုက်လေသလား
ပျော်ရွှင်ခြင်းအစာတွေကို
စားသောက်နေမိတဲ့
ငါ့ရဲ့ နောင်တတွေအတွက်
ငါ့ရဲ့ နောက်ကျောကိုသာ မင်းမြင်လိုက်ပါ
ap
Comment #2
မာယာအသုံးအနှုန်းတွေ
ငါ့ ယဉ်ကျေးမှုမှာ မထွန်းကားသေးဘူး
ဒါပေမယ့်လည်း ငါ့မှတ်တိုင်လေး
ဓါးမွန်းခံခဲ့ရတယ် ..
အရမ်းမိုက်တယ် .. တကယ်
By: မေပျို at Apr 2, 2013




Comment #1
Lots of thoughts?
😛
I cant understand very well coz my iq need to upgrade.