Professional Authors

နစ်မြုပ်သားကောင်

လာပြန်ပြီ သည်မဲပြာပုဆိုး
ခေါက်ရိုးကျိုးနေတဲ့ဘ၀ကမွန်းကြပ်
ပေတံမရှိ အကာအရံမရှိ ချိန်ခွင်မရှိ ဟင်းလင်းပြင်ထဲ
တခါတရံတော့ ငါကိုယ်ဖော့ထားလိုက်ချင်သား
မြစ်တွေက ပင်လယ်ဆီကို စီးဆင်းမြဲ
တစ်ရက်တစ်ရက် နဲ့
သစ်ရွက်ကြွေ …
မိုးစက်ကြွေ…..
နှင်းပွင့်ကြွေ…..
ကြွေ…ကြွေ….ကြွေ…..ကြွေ…..
ဟေ့သွားကြစမ်း သွားကြစမ်း
အိပ်မက်မှာ ယောင်ယမ်းပြီးအတောင်ခတ်ကြည်
သက်ပြင်းတွေလေးလံ အမြင်အာရုံမှိုင်းဝေသီလို့
ကိုင်းကျနေတဲ့ လမ်းမီးတိုင်ပေါ်က မှိန်ဖျော့ဖျော့အလင်းကို တမ်းတနေ
ထားခဲ့တော့ ချစ်သူရေ
ခွက်ထဲကရေ ခွက်ပုံအတိုင်းရှိစေတော့
ကြိုးစရှည် ဒိုင်းနမိုက်တစ်လုံး
သောက်သုံးသူအကြိုက် ခပ်ရှရှဝိုင်တစ်ခွက်ဖြစ်ခဲ့ပြီ…………………….

(ဘဲရှုပ်)

In: ကဗျာ Posted By: Date: Jan 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment