Professional Authors

အရှိအတိုင်း

အတိတ်တွေက အရိပ်လို
နိမိတ်လို တစ်သီတစ်တန်းနဲ့
စီိတန်းပြီး
ပျောက်တစ်ခါ ပေါ်တစ်လှည့်
ဆိတ်ဆိတ် ညင်သာစွာ……
ရင်အလွှာကို အသာတိုး
အဆိုးတရားတို့ ခေါင်းမော့ပြီ။
ထင်သလို ပြင်တိုင်းမရတော့
လွှင့်လိုက်တိုင်း လွင့်လို့……
ငိုခဲ့ပေမဲ့ မစိုတဲ့မျက်ရည်
တက်ရေအလား နှလုံးသားတံခါးကို ဖြိုဖျက်
တရားကို…… ဓားနိုင်ခဲ့ပြီ။

In: ကဗျာ Posted By: Date: May 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment