Professional Authors

ကျွန်မ ရေးတဲ့ စာသားတွေအတွက် ရှင့်နားတွေပိတ်ထားလိုက်ပါ

ကျွန်မ မပြော ခဲ့ဘူးလား မချစ်ခဲ့ပါဘူးလို့ 

ယုံကြည်ရာ ရှင်သန်နေတာပါဆိုတဲ့ ရှင့်ကို ကျွန်မ မပြောခဲ့ဘူးလား

မချစ်ခဲ့ပါဘူးလို့ 

 

မင်္ဂလာပါ နဲ့ ၀င်လာတာလည်း ရှင်ပဲ

မနှင်ပဲနဲ့ ထွက်သွားတာလည်း ရှင်ပဲ

တကယ်တော့

ရှင်တို့  ပုရိသတွေဟာ သိပ်ရယ်စရာကောင်းတယ်ရှင့်

 

လက်မဖြန့်ထားတဲ့ လက်တကမ်းကိုမျှော်လိုမျှော်

လက်ကမ်းထားတဲ့ လက်ကို ဖြုတ်လို ဖြုတ်

 

အိပ်မက် မ မက်တဲ့ သူကို အိပ်မက်ပေးလိုပေး

အိပ်မက် မျှော်တတ်သူကို ဝေးသထက်ဝေးအောင် ပြေးလိုပြေး

 

ရှင်တို့ က မေထုန်မှီဝဲဖို့ လောက်ပဲ မိန်းမသားတွေကိုအလိုရှိကြတာပါရှင်

 

တကယ်လို့ များ ကျွန်မ ဟာ မျက်စိနှစ်လုံးမပါဘူးဆိုပါစို့ 

 

 

တဖက်လှည့် လှောင်ပြုံးတွေ မတွေ့နိုင်တော့ဘူး

ရှင့် ခြေလှမ်းတွေ ဘယ်လှမ်းနေတယ်ဆိုတာ မသိနိုင်တော့ဘူး

 

အနားမရှိတဲ့ သူတယောက်ကို တွေး ဆွေးနေတဲ့ ရှင့်မျက်ဝန်းတွေ မမြင်နိုင်တော့ဘူး

ဒါဆိုရင်တော့

တတွတ်တွတ်နဲ့ ဇယ်ဆက်အောင်ပြောလွန်းတဲ့ နှုတ်ခမ်းစကားတွေထဲ ကြားသမျှနဲ့ နားယဉ်ပြီး ရှင်ပြုသမျှ နုမိမှာပါပဲ

 

တကယ်လို့ များ ကျွန်မ ဟာ နားနှစ်ဖက် ကန်းနေတယ်ဆိုပါစို့ 

 

ညာသံပေးပြီး ဘယ်ဘက်လှမ်းနေတဲ့ ရှင့်စကားရိပ်တွေ မဖမ်းမိတော့ဘူး

မွေးရာပါ ဂါထာတပုဒ်လိုပဲ ရှင် အကျွမ်းကျင်ဆုံး မုသားတွေကို မသိနိုင်တော့ဘူး

ဒါဆိုရင်တော့

ဗို့ အား တစ်ထောင် မကတဲ့ ရှင့် အစိမ်းစား မျက်ဝန်းရွဲကြီးတွေကြားမှာ

ကျွန်မ ပျော့ခွေသွားမိမှာပါပဲ

 

တကယ်လို့ များ ကျွန်မ ဟာ စကားမပြောတတ်ဘူးဆိုပါစို့ 

 

ရှင့်မုသားတွေအတွက် လျှောက်ပြန်သံပေး စစ်ဆေးခွင့်မရတော့ဘူး

ရှင် သိပ်မက်မောတဲ့ နယူးကလီးယား အသံတွေလည်း မထွက်နိုင်တော့ဘူး

ဒါဆိုရင်တော့

ရှင့် လက်ဖ၀ါးကြားထဲမှာ အသံတိတ်သေရမယ့် မိန်းမသားတယောက်ဖြစ်မိမှာပါပဲ

 

အခုတော့ မဟုတ်ဘူးရှင်

 

ကျွန်မ ဟာ ရှင် နဲ့ ရင်ဘောင်တန်းလို့  အိမ်တွင်းပုန်း ရိုးကုတ်မှု စတေးပြီး လောကဓံကိုကြံခံနေတဲ့ မိန်းမသားတစ်ဦးဖြစ်နေခဲ့တယ်လေ

 

ကျွန်မ လည်း ရှင့် ကိုချစ်ချင်ပါတယ်

ကျွန်မ လည်း ရှင့်ကို အသုံးချချင်ပါတယ်

ကျွန်မလည်း  မက်မောစရာကောင်းတဲ့  ရှင့်ရင်ခွင်ထဲမှာ မှေးစက်ချင်တာပေါ့ရှင်

လွယ်လွယ်ပြောရရင် ကျွန်မလည်း ရှင့်ကို ကစားချင်ခဲ့တာပေါ့

 

ကြာကြာဝါးဖို့  ပေါက်လာတဲ့ရှင့် သွား တွေကို ကျွန်မရှေ့မှာ ဖြဲမပြပါနဲ့

အမျက် တွေ မြိုသိပ်ပြီး အငြိုးတွေဖွဲ့သံသယတွေပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ မကြည့်ပါနဲ့

စားသုံးသူချင်း အတူတူတောင် နှာတဖျား ပိုသာအောင် ပြောတတ်လွန်းတဲ့ ရှင့် နှုတ်ခမ်းတွေနဲ့ ပြုံး မပြပါနဲ့

ရှင်တို့ လောက် မမြင့်မြတ်ပါဘူးဆိုတဲ့ ကျွန်မ ဆီက နှလုံးသားကို မတောင်းတပါနဲ့

 

မေ ထု န် မှီ ၀ဲ ယုံ လောာက် မက် မော မှု ကို အ ချစ် လို့  အမည် မ ခံ လို က် ပါ နဲ့

 

ရှင် တို့  မု သား တွေ အစား ကျွန်မ

 

ရှက်တယ်

In: ကဗျာ Posted By: Date: Jan 24, 2013
Comment #1

Ma Moe kwa.,,, fight nay par p.
😛
Just teasing par naw.

Ei ka dot,,,,
ei ye chit ya de Thu ko a tone ma cha chin par bu,,
Thu sate tine kya sate chann tar aung be htar chin de.
Thu ko a Kaung sone tway be pay naing aung kyoe sarr de.
Thu narr ma le pay le ei ka dot Thu ko kyoe sarr narr le pay de.
Ei ye phyu sin de myit tar tway ne Thu a twat a mye tann Shi nay hmar be.

commentinfo By: ei lay at Jan 24, 2013
Comment #2

ရှက်နိုင်ပါတယ်ဗျာ။

commentinfo By: အရိပ်ကလေး at Jan 24, 2013
Comment #3

ဗို့ အား တစ်ထောင် မကတဲ့ ရှင့် အစိမ်းစား မျက်ဝန်းရွဲကြီးတွေကြားမှာ
ကျွန်မ ပျော့ခွေသွားမိမှာပါပဲ
ရေးချက်က ဖတ်တဲ့သူမျက်လုံးတွေကျိန်းသွားအောင်ကို လန်ပြန်ထွက်နေထွက်နေတယ်ဗျာ ~~
အစ်မတော်မိုးရေ အားပေးသွားတယ်နော်
အစ်မနေကောင်းရဲ့လားဗျ ကဗျာမတင်တာကြာပြီနော် ~~

With respect,
RAY

commentinfo By: X - ray at Jan 24, 2013
Comment #4

ထိသွားမှာပဲနော်

commentinfo By: မေပျို at Jan 24, 2013
Comment #5

စာသားတွေတိုင်း အားပါလွန်းတယ်
ကဗျာလေးအားပေးသွားပါတယ်ဗျာ…….

commentinfo By: moehtetaung18 at Feb 2, 2013
Comment #6

နည်းနည်းများ ပြင်းထန်နေသလားလို့ မမိုး

commentinfo By: လူစိမ်း at Feb 6, 2013
Comment #7

ကာကြာဝါးဖို့  ပေါက်လာတဲ့ရှင့် သွား တွေကို ကျွန်မရှေ့မှာ ဖြဲမပြပါနဲ့

အမျက် တွေ မြိုသိပ်ပြီး အငြိုးတွေဖွဲ့သံသယတွေပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ မကြည့်ပါနဲ့

စားသုံးသူချင်း အတူတူတောင် နှာတဖျား ပိုသာအောင် ပြောတတ်လွန်းတဲ့ ရှင့် နှုတ်ခမ်းတွေနဲ့ ပြုံး မပြပါနဲ့

ရှင်တို့ လောက် မမြင့်မြတ်ပါဘူးဆိုတဲ့ ကျွန်မ ဆီက နှလုံးသားကို မတောင်းတပါနဲ့
ကြိုက်တယ်ခင်ဗျ..ဒါပေမယ့် spelling လေး နည်းနည်းဂရုစိုက်ပေးပါလား…..ကဗျာကို နှစ်နှစ်ခြိုက်ခြိုက်ဖတ်နေရင်းနဲ့….လှေကားထစ်ပေါ်ကချော်ချော်ကျသွားသလိုပဲ…ကဗျာရဲ့ပန်းတိုင်ကိုမနည်းပြန်သွားနေရတယ်……..စိတ်တော့မဆိုးပါနဲ့ဗျ…ကျွန်တော်လည်းဘာမှကိုမရေးဖြစ်တာ နှစ်နဲ့ချီသွားပြီ..အဆက်ပြတ်မသွားတဲ့ အသဲကွဲမိုးကို အားကျတယ်ဗျာ

commentinfo By: ic23u0 at Feb 7, 2013
Comment #8

kaung lit tar kar… a yan like thar pyi

commentinfo By: chaw at Jun 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment