Professional Authors

ခေါင်းနှင့်ပန်း

                                                     

ကြွေပြန်ပေါ့ ဒီတစ်ခါ

ဒီရက်ပိုင်းတွေက လတ်လတ်ဆတ်ဆတ်မရှိ ၊

မင်းဟာသီးသန့်ဖြစ်သော ငါ၏အခြားမဲ့

ငါဟာစပိန်စကားနားမလည်ဘဲ

စပိန်သီချင်းနားထောင်ချင်သူပေါ့ ၊

ငါတားထားတဲ့မျဉ်းကို

ငါကိုယ်တိုင်ချိုးဖျက်ဖို့ လိုအပ်နေတယ် ၊

လေတိုက်တိုင်း ညွတ်ညွတ်ကျသွားတယ်

နက်နက်ရှိုင်းရှိုင်းထိကျသွားတာကို

ငါကိုယ်တိုင်မသိကျိုးကျွန်ပြုနေခဲ့တယ်

ငါကိုယ်တိုင်မသိချင်ယောင်ဆောင်ခဲ့တယ်

ငါကိုယ်တိုင်မသိခဲ့ဘူးလား ။

မြင်သာထင်သာအောင်မပြတတ်သလို

အပြင်မှာလည်းသင်္ချာညံ့ခဲ့တယ်

ဆိုညည်ထက်ပိုခဲ့တယ် ၊

သစ်ပင်အောက်ရပ်နေပြီး အရိပ်တစ်ခုလိုချင်ခဲ့တယ် ၊

သေချာအပိုင်တွက်မိတဲ့ ကန်ချက်တိုင်းကလည်း

လွဲခဲ့ လွဲဆဲ လွဲနေဦးမည်ဟုမျှော်လင့်ရသည် ၊

လွယ်ကူတဲ့ရယ်ဒီမိတ်အစားအစာတွေမစားတတ်သူ

သည်ခေတ်နောက်ကျနေသောအက်တမ်တစ်ခုဖြစ်၏

ကျွန်တော်၏ပထ၀ီနိုင်ငံရေးတွင် နယ်နိမိတ်တစ်ခုသာရှိသည်

အခြေခံအဆောက်အအုံမကောင်းခဲ့သောကျွန်တော့်တွင်

ထူးထူးခြားခြားမျှော်လင့်စရာ မဟာဗျူဟာမရှိ

ဒီဝိုင်းမှာတော့ ကျွန်တော်ဟာလက်ရှောင်နေရမည့်

ကစားသမားတစ်ဦးသာ……. ။

 

                                                          ကျော်ထူးဗလ

 

In: ကဗျာ Posted By: Date: Jul 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment