Professional Authors

◕‿◕ တစ်နေ့က ◕‿◕

◕‿◕ တစ်နေ့က
ငါစိတ်ကို ငါပြန်မေးတယ်
အမှားတွေနဲ့ အသက်ရှင်ခွင့်တွေ
ရပ်တန့်ပစ်ဖို့ ကိစ္စ ……..။

◕‿◕ တစ်နေ့က
ငါအချစ်ဆိုတာကို
သတ်ပုံမှန်အောင် ပြန်ရေးဖို့
စဉ်းစားမိခဲ့
ထုံစံအတိုင်း တစ်ယောက်ထဲပဲပေါ့ ……။

◕‿◕ တစ်နေ့က
ငါတကိုယ်စာ ထမ်းထားရတဲ့
ကမ္ဘာကြီးကို အားနာနေမိတာ
ဘယ်လိုဖြေရှင်းရမလဲ
သိပ်ခက်တဲ့ ပုစ္ဆာတွေနဲ့ပေါ့ ……။

◕‿◕ တစ်နေ့က
ငါလျှောက်နေကြ
လမ်းဟောင်းလေးအတိုင်း ပြောင်းပြန်
လျှောက်ကြည့်မိတယ်
လူတွေက ငါကို အရူးလားတဲ့ ……..။

ပြီးပါပြီး။

စနိုးပန်းလေး

In: ကဗျာ Posted By: Date: Jun 22, 2010
Comment #1

မိုက်တယ်….ကိုယ်ကတော့…တစ်နေ့ကမဟုတ်ဘူး…မနေ့က..ကိုယ်လည်းပဲ….

commentinfo By: miss30 at Jun 22, 2010
Comment #2

ဒီအပိုက်လေးကို အရမ်းကြိုက်တယ်

““◕‿◕ တစ်နေ့က
ငါလျှောက်နေကြ
လမ်းဟောင်းလေးအတိုင်း ပြောင်းပြန်
လျှောက်ကြည့်မိတယ်
လူတွေက ငါကို အရူးလားတဲ့ ……..။““

မိုက်တယ်

commentinfo By: lwanhlainge at Jun 22, 2010
Comment #3

အရမ်းကောင်းပါတယ်

commentinfo By: favourite2me at Jun 22, 2010
Comment #4

တစ်နေ့ကဆိုတော့….ဒီနေ့မဟုတ်တော့ ဘူးဆိုပါတော့…။

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment