Professional Authors

စေတနာသည် ကံ မေတ္တာသည် မှန်

(၁) ဆင်းရဲ ချမ်းသာ မရွေးချယ်တဲ့
မသိမှု အနားသတ် တစ်ခုကြောင့်
ကိုယ် လိုချင်တာ မရတဲ့အခါ
အလကား နေရင်း ဒေါသထွက်လာတယ်။

(၂) သူတစ်ပါးကြောင့် ဒါမှမဟုတ် ကိုယ့်ကြောင့်
အမှတ်မထင် ခံပြင်းလွန်းတဲ့ စိတ်နဲ့
ဘဝမှာ စိတ်ညစ်တဲ့ နေ့ရက်တွေ ရှိသလို၊
စိတ်ပျက်တဲ့ နေ့တွေလည်း ရှိလိမ့်မယ်။

(၃) ယှဉ်ပြိုင်ချင်တဲ့စိတ်နဲ့ ဒေါသတွေဖြစ်ခဲ့
တထစ်ချ တွက်ဆထားတဲ့
အမှားတွေက ရင်တွင်းမှာ အနာဖြစ်လို့
ခါးသက်သက် နေ့ရက်တွေလည်း ရှိလိမ့်မယ်။

(၄) ဒါတွေကို ဒေါသထွက် စိတ်ညစ် စိတ်ပျက်နေတဲ့အခါ၊
သင့်မှာ ရှိခဲ့ဖူးတဲ့ သည်းခံမှု ခန္တီတရားဖြင့်
သင့်ဘဝရဲ့ အဖြူရောင် မိုးသားတံခါး ဖွင့်လို့
မေတ္တာမိုးလေး ရွာသွန်းပေးလိုက်ပါ။
သင့် စေတနာ သင့်ဆီ ပြန်လာပါလိမ့်မယ်။

တက္ကသိုလ်မြတ်မင်း

www.venpunnavamsa2.com

တက္ကသိုလ်မြတ်မင်း ဝက်ဆိုဒ်မှ ကြိုဆိုလျက်ပါ

In: ကဗျာ Posted By: Date: Jan 13, 2013
Comment #1

100% agree.

U will get what u give.
U r what u did.
Everything is up to u.

commentinfo By: ei lay at Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment