Professional Authors

ပျော်ရွှင် ငြိမ်းချမ်းသော နားလည်မှု

လူတွေဟာ ကိုယ်ခံစားခဲ့ဖူးတဲ့ ခံစားချက်ကို ဦးစားပေးလို့ တစ်ခုခုကို ရိုက်ချိုးဖို့ရန် ဝန်မလေးသလို အဲဒီလူတွေကို ပြန်လည်ခံစားစေချင်ကြတာ အမှန်ပါပဲ..။

သို့သော် တစ်ဦး တစ်ယောက်တည်း နေထိုင်ရသည့် အတ္တဆန်တဲ့ ငါ့ဘဝ ငါ့ကမ္ဘာထဲ အမှားဆိုတာ ဘယ်ရှိမလဲ…။

အကယ်၍ ငါသာ နေရာတစ်ခုကို ရောက်ခဲ့ရင် ဘာလုပ်ပေးနိုင်မလဲ… မာန်မာနဆိုတာကို ခေါက်ချိုးပြီး အတိတ်ရဲ့ ဖိတ်စာ အိတ်ထဲမှာ ထားခဲ့ပါ..။

ကိုယ် ရထားတဲ့ နေရာကရင်… ပေးဆပ်နိုင်ဖို့ စဉ်းစားကြည့်ပါ…. တွေးတောကြည့်ပါ…
ငါ တစ်ယောက်တည်း မဟုတ်တဲ့ အိမ်ခြံမြေထဲ အတ္တဆန်တဲ့ မီးတွေ လောင်မြိုက်ဖို့ မကြိုးစားပါနဲ့…။

သင့် လုပ်ဆောင်ချက်ဟာ သင့်ပေါ် အရောင်ထင်ဟတ်လာတဲ့အခါ…..
သင့်ကြောင့် အများတကာ သောက မဖြစ်စေနဲ့…။
သင့်ကြောင့် အများတကာ ပျော်ရွှင် ငြိမ်းချမ်းသော ကမ္ဘာလေး တစ်ခု ဖြစ်ပါစေ…။

 

တက္ကသိုလ်မြတ်မင်း

www.venpunnavamsa2.com

တက္ကသိုလ်မြတ်မင်း ဝက်ဆိုဒ်မှ ကြိုဆိုလျက်ပါ

In: ကဗျာ Posted By: Date: Jan 13, 2013
Comment #1

Nice

commentinfo By: ei lay at Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment