Professional Authors

သံဇဉ်တွေ လွင့်ပျံနေလေရဲ့ မြစ် ပျို မ ရေ

သံဇဉ်….သံဇဉ်…..သံဇဉ်တွေ
လွင့်ပျံနေလေရဲ့    မြစ် ပျို  မ ရေ

နှင်းဖြူရနံတွေ ဆွတ်ပျံနေပြန်ပါပြီ

အိပ်မက်တွေ ပြန့် ကျဲနေတယ်

ဆည်းလည်းတွေက လှလိုက်တာ
လေနုက တိုးဝင်ပျောက်
သာယာလိုက်တာ……..

စံပယ်တွေလို မဖြူပါနဲ့ အပြုံးလေးရယ်
ခရေလို မွှေးလိုက်စမ်းပါ
ပြီးတော့ သဇင်လို မျက်စလေးချီပေါ့

မနက်သစ်တွေ ခဏခဏ အပိုင်ရတယ်

တသွင်သွင်စီးပေါ့….
ငါ့ကိုလဲ ခေါ်ပါ..
လှော်တက်လေးကိုင် လိုက်ခဲ့မယ်

မျောနှင့်ကြပါ…
သူမကတော့ .လဲလျောင်းလို့ 
နံဘေးမှာလား..ကလေးမ
ဗေဒါပါ……သူလဲလိုက်မယ်တဲ့
ကဲ…….
ခရီးဆက်ကြတာပေါ့….က လေး မ .  .  .။

In: ကဗျာ Posted By: Date: Jan 11, 2013
Comment #1

ကဗျာလေးကောင်းလိုက်တာရှင်

commentinfo By: မေပျို at Jan 11, 2013
Comment #2

thkz ပါ မမေပျို
comment တွေက အားရှိစေပါတယ်
ဆက်ရေးရဲသွားတာပေါ့နော်..။

commentinfo By: thahanthit at Jan 11, 2013
Comment #3

😉

commentinfo By: ei lay at Jan 12, 2013
Comment #4

အားပေးသွားပါတယ် အစ်ကို
ကဗျာလေးကောင်းပါတယ် ဆက်ရေးပါ..။ 🙂

commentinfo By: loafer at Jan 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment