Professional Authors

လောကဓံ ဆိုင်ဖွင့်ပွဲ ခင်ဗျားကို ထိပ်ဆုံးက ဖိတ်တယ်

အဆင်မပြေတဲ့ ခုံမှာ အဆင်ပြေသလိုပဲ ဝင်ထိုင်လိုက်ကြပါ

 

ကျနော်တို့ ဆိုင်ဖွင့်ပွဲ မှာ

 

အိပ်မက်ပါးပါးလှီးသုတ်တစ်ပွဲ

မျော်လင့်ချက်ကို မဲ့ နဲ့  တောက်တောက်ကြော်

ကံဆိုးမှု ဒုတ်ထိုး အသည်း စပယ်ရှယ် ကင်

သောက ပြုတ်ထောင်းကြော် နဲ့

ဝေဒနာ ပွက်ပွက်ဆူ ဟင်းချို

ခပ်ပြင်းပြင်း အလွမ်းဆေးလိပ်တွေ ရယ်

မောဟ သန့်သန့်လေး တစ်ဗူး

မျက်ရည်ခဲတုံး

နောက်ပြီး

မော်ဒန်၊ ပိုစ့်မော်ဒန် အစားစားသော အရက်ကောင်းများ ကို

၇င်ဘတ်ခွက်ကြီးကြီးနဲ့

တည်ခင်း ဧည့်ခံထားပါတယ်

 

လာကြပါ သုံးဆောင်ကြပါ

 

မွန် နေအောင် ရှိုက်ဖွာ  မုန်း အောင်စား ပြီး   မှုး အောင်သောက် ကြပါ

 

လိုတာ ရှိရင် ပြောပါ

နောက်ထပ် ဖွယ်ဖွယ်ရာရာများလည်း ထပ်ချပေးပါမယ်

 

လုပ်ပိုင်ခွင့်အနေနဲ့

မကျေနပ်ချက်များ ….

ဟော့ ဒီ သောက်ပြီးသား ခွက်နဲ့

လောကဓံ စားပွဲ ဆီ ဆောင့်ချပစ်လို့ ရပါတယ်

 

                                                                  စုန်းပြူး

In: ကဗျာ Posted By: Date: Jan 3, 2013
Comment #1

အမလေးလေး ကဗျာက အလာကြီးပါလား ကိုစုန်းပြူးရေးတဲ့ကဗျာတွေကို အရင်တုန်းကဖတ်ဖူးပါတယ် ဒီကဗျာလောက်တော့ဖတ်လို့မကောင်းတာအမှန်ပဲ ဒီကဗျာအရေးအသားကိုတော့ ရေရေလည်လည်လက်ဖျားခါပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Jan 4, 2013
Comment #2

အိုးးးးးးးတယ်မိုက်တဲ့စာသားတွေပဲဗျာ။

commentinfo By: poem.poem28 at Jan 4, 2013
Comment #3

အာဟ….

မိုက်၏

commentinfo By: ngapyot at Jan 4, 2013
Comment #4

သဘောကျစရာကောင်းပါတယ်။ကြိုက်တယ်ဗျာ။

commentinfo By: Mg Khai Myat at Jan 4, 2013
Comment #5

အကျွနုပ်လည်း ဆိုင်ဖွင့်ပွဲသို့တက်ရောက်သွားပါကြောင်းး
…………………………မာယာများများနဲ့ မျက်နှာသုပ်တစ်ပွဲလောက်
…………………………..သြော် …သြော်….ခွေးကျွေးချင်လို့ပါ၊၊

commentinfo By: nate thit at Jan 4, 2013
Comment #6

ကဲ
မင်းကဗျာထဲမှမပါတဲ့ မာနတစ်ပွဲမှာမယ် 😀

( ဖတ်ဖူးပြီးသား ကြိုက်ဖူးပြီးသားပေမယ့် ထပ်ဖတ် ထပ်ကြိုက်သွားခဲ့ ကြောင်း )

commentinfo By: sharon myorr myor at Jan 4, 2013
Comment #7

ဆိုင်ကိုတော့ကြိုက်သွားပြီ…..

commentinfo By: mayviolet at Jan 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment