Professional Authors

လုံလောက်ပြီ

နွေ……
တီရှပ် ပါးပါးလေး တစ်ထည်
ပုဆိုး တစ်ထည် နဲ့ တွဲ ၀တ်မယ်
ပူအိုက်လို့ ယပ်တောင်နဲ့
ဒါဆို ငါ့မှာ လုံလောက်ပြီ
နွေ…

မိုး…
ထီးတစ်လက်
လုံလောက်ပြီ ။

ဆောင်း…
ဂျာကင်တစ်ထည်
အပေါစား ဖိနပ်တစ်ရံ
ဆောင်းရယ်
အနွေးဓါတ်ရရင်
ငါ့ မှာလုံလောက်ပြီ ..

မိန်းကလေး
ငါ့ ကို မချစ်နိုင်တောင်မှ
အပြုံးစစ် နဲ့ ပြုံးပြ
ငါ ကျေနပ်ပါတယ်
သြော်…
ငါ့အတွက် လုံလောက်ပါပြီ။

In: ကဗျာ Posted By: Date: May 7, 2012
Comment #1

wow,,
really enough?

commentinfo By: ei lay at May 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment