Professional Authors

လူဖြစ်နေလို့ပေါ့ကွယ် …

အိမ်မက်တွေ အဆုံးသတ်
ငါ့အိပ်ယာလေးမှာငါ
ကွေးကွေးလေး အိပ်ပါရစေတော့ …

ခေါင်းအုံးလေးလဲ ငါ့ကြောင့်
မျက်ရည်တွေ ရွှဲနစ်
ချမ်းလှပြီထင်ရဲ့ …

အဟက် …
သူတစ်ခါတစ်ခါ ခေါ်လေ့ရှိသလို
နှစ်မျိုးစပ် အကောင်လေး ဖြစ်နေလဲ
ကောင်းသားပေါ့ကွယ် ….

လူမဟုတ်ရင်
ခံစားချက် နည်းနည်းများလျော့မလားလို့ …

ခုများတော့လေ …
ငါ လူတစ်ယောက်ဖြစ်နေလို့ …
နင့်အကြောင်းတွေးတိုင်း
ရင်ဘတ်ထဲက စူး … စူး ပြီး နာတယ် … ။

In: ကဗျာ Posted By: Date: Jan 4, 2011
Comment #1

အရူးကြီးပါပဲဟာ….
နင်ပြောသမျှ ထူးပြီးမနာတတ်တဲ့ စိတ်ကိုလည်းမုန်းပါရဲ့
နင်သိလား…..ချစ်သူ….
တကယ်တော့ငါ့ရင်ဘတ်ထဲ…..စူးတစ်ချောင်း….စူးပီးသားပါဘဲ
အဲ့ဒါ……………….

🙂

commentinfo By: သားသား at Jan 4, 2011
Comment #2

wow
i like all title poem & comment
🙂

commentinfo By: ei lay at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment