ကဗျာကျူးတဲ့ သံစဉ်သစ်
ငါဟာ ကဗျာလမင်း
ညကိုချစ်လို့သာတာ
ငါ့နဂိုအစစ်မို့ ၀ါတာ…
ငါဟာကောင်းကင်
အမြင့်တက်ချင်စိတ်နဲ့ ငါနေတာ
ရင့်ကျက်ချင်စိတ်နဲ့ ပြာနေတာ…
ငါဟာ ကဗျာသီချင်း
မဟာနှင်းဆီတစ်ပွင့်
ဥယျာဉ်မှာ မွှေးပျံ့စေဖို့အတွက်
အနုပညာပေးဖြန့်ဝေဖို့ဟာ
ပန်းပွင့်တိုင်းရဲ့ အလုပ်…
ငါဟာ ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့သတင်း ဖြစ်လာစေရမယ်…
လေပြင်းတွေလာခြွေလို့
သေမင်းဆီ ငါကြွေသွားရင်တောင်
ကဗျာတွေကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့
ကမ္ဘာမြေကို နှုတ်ဆက်နမ်းခဲ့မယ်…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
wow.. so stronger to me. I’ve love this poem.