Professional Authors

နွားပုရပိုဒ် မက်ဆေ့ခ်ျ

“ နွားပုရပိုဒ် မက်ဆေ့ခ်ျ ”

 

ဝါးပင်ကို ဦးညွတ်ပြီး ဝါးလုံးသိမ်းရိုက်လိုက်တယ်

မသိကိန်းတွေများလွန်းလို့ ပုစ္ဆာဟာ မသိကိန်းဖြစ်သွား

စကားကြီးဆယ်ခွန်းမှာ “ ငါ့စကား နွားရ ” ပြောနည်းထပ်ထည့်

ချိုင်းထောက်တစ်ချောင်းရရင် ခွဲယူကြတာပေါ့

ဘာလိုသေးလဲ ပြောကြည့်ပါဦး ညီမျှခြင်းချဖို့

 

ချွန်လွန်းရင်လည်း အတုံးမြန်နိုင်ရဲ့

ဘောင်ဘင်ခတ်နေလို့ ထပ်မဖြည့်ဘဲ ရိုက်ခွဲလိုက်တယ်

ကျောပုတ်ပြီးပြောမှ လမ်းပေါ်တက်ကတာ ရပ်မှာလား

လက်ခုပ်တီးခြင်းရဲ့ အဓိပ္ပါယ်က ( များသောအားဖြင့် ) ပျော်လို့ပါ

အသင်းကြီးနှစ်သင်းကန်တိုင်း ပွဲကောင်းဖြစ်မလာဘူး

 

တကန့်ချင်းထည့်ထားတယ် ( ကြားဖူးနားဝများ )

လက်ဖက်ရည်ဆိုင်မှာ စကားငွေ့တွေဖွာရှိုက်ကြ

ဆရာတွေကို အဲဒီကောင်လို့ ပြောရတာ အရသာရှိသတဲ့

ကျီးကန်းတွေ ညဘက်ပါ အစာရှာထွက်ကြပြီ

မာစတာကီး တစ်ယောက်တစ်ချောင်းနဲ့ အိမ်ရှေ့က စောင့်

 

တခြမ်းမှာပဲ အားလုံးရပ်ပြီး ငြိမ်ပေးကြပါ

အမှန်တရားရဲ့ ဈာပနဟာ ခမ်းနားလှပလို့

ချိန်ခွင်ဟာ လျှာထုတ်ပြီး ပြောင်ပြချိန် မရတော့ဘူး

ကဲ အားလုံး ခပ်သွက်သွက်လေး လျှောက်

မကြာခင် ဒီဘက်တခြမ်းလည်း ပြိုကျတော့မယ် ။       ။

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jan 9, 2013
Comment #1

လက်ခုပ်တီးခြင်းရဲ့ အဓိပ္ပါယ်က ( များသောအားဖြင့် ) ပျော်လို့ပါ

အသင်းကြီးနှစ်သင်းကန်တိုင်း ပွဲကောင်းဖြစ်မလာဘူး

တခြမ်းမှာပဲ အားလုံးရပ်ပြီး ငြိမ်ပေးကြပါ

အမှန်တရားရဲ့ ဈာပနဟာ ခမ်းနားလှပလို့

ချိန်ခွင်ဟာ လျှာထုတ်ပြီး ပြောင်ပြချိန် မရတော့ဘူး

ကဲ အားလုံး ခပ်သွက်သွက်လေး လျှောက်

မကြာခင် ဒီဘက်တခြမ်းလည်း ပြိုကျတော့မယ် ။ ။

သိပ်ကိုကောင်းပါလားဗျာ…… အဲလိုအရေးအသားမျိုး အဲလို အတွေးအခေါ်မျိုးကို သိပ်အားကျပါတယ် ..အစ်ကို ချီရွန်

လေးစားလျက်
နိုးဆက် နေ့

commentinfo By: နိုးဆက် နေ့ at Jan 9, 2013
Comment #2

အားပေးသွားတာ ကျေးဖူးတင်ပါတယ် ညီလေး။

commentinfo By: chiron at Jan 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment