Professional Authors

ငါဟာ……….

ကောင်မလေးရေ
ငါဟာ အသဲကွဲဖူးတဲ့
ဂျင်းအင်္ကျီတစ်ပတ်ရစ် တစ်ထည်ပါ……

ငါဟာ နေ၀င်ချိန်အထိ
အစာရှာနေတဲ့ သိမ်းငှက်တစ်ကောင်ပါ……..

ငါဟာ ဆောင်းဦးရာသီ
ရှုခင်းတွေပါ……..

ငါဟာ ကျန်းမာရေးကောင်းတဲ့
သံသယ သီချင်းတစ်ပုဒ်ပါ……

ငါဟာ အပွင့်ပွင့်ဖို့ကြွေခဲ့တဲ့
လက်ပံပင် တစ်ပင်ပါ…….

အသေချာဆုံးကတော့
ဖောင်တစ်စီးကို ရှင်သန်စေနိုင်တဲ့
မုတ်သုံလေပါ…..
မဟာဒီလှိုင်းပါ…..
အရှိန်အဟုန်ကောင်းတဲ့ ရေစီးပါ…..

ဒါပေမယ့်
ငါ့ခန္ဓာဟာ ငါ့ခြေထောက်ပေါ်မှာ
ရပ်တည်နေပေမယ့်
ငါ့စိတ်ကူးတွေကတော့
ငါ့ခံစားချက်ပေါ်မှာ မရပ်တည်နိုင်ခဲ့ဘူးလေ…..

In: ကဗျာ Posted By: Date: Jun 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment