Professional Authors

ဆန္ဒပြုခြင်း

မီဒီယာလွပ်လတ်ခွင့်ဆိုတာ ထင်ရာမြင်ရာရေးခွင့်/ပြောခွင့်ပါလား
စင်တင်ကာကောက်ခံရဖို့ ကိုယ်သန်တာကိုယ်တွေးကြရင်
ရေပေါ်ဆီဆရာသမားတို့ လေပေါ်မှာတိုင်းပြည်တည်ဆောက်ကြပါစို့
မီဒီယာကျင့်ဝတ်ဆိုတာ လူရှိန်ရုံထုတ်ထားတာမဟုတ်တာကျိန်းသေပါတယ်
တစ်ယောက်ကိုအမြင်တစ်မျိုးနဲ့ အမယ့်ဘုတ်ရဲ့သူချည်ငင်ဖြစ်နေကြရင်
ပန်းတိုင်ကိုလှမ်းကိုင်ဖို့ ဝေးသွားမှာစိုးရိမ်နေမိ
သူဆရာ ကိုယ်သဘာတွေခွဲမနေပဲ
တစ်ခါလောက်တော့ညီညွတ်လိုက်ကြပါစို့ဗျာ
ခက်ခက်ခဲခဲဆိုပေမယ့်ကြပ်ကြပ်တည်းတည်းတော့မဟုတ်ပါဘူး
သုတ်သုတ်သွားသုတ်သုတ်စား သုတ်သုတ်နားပေါ့
ဒါပေမယ့်ပြုတ်ပြုတ်သွားတဲ့ကျောရိုးဆစ်များလို
တဖြုတ်ဖြုတ်ဖြစ်နေတာကတော့ရင်နာတယ်ဗျာ
ထင်ထင်ရာအတွေးတွေနဲ့မြင်မြင်ရာရေးနေကြရင်
ဆန်စင်ရာကျည်ပွေ့လိုက်ဖို့တော့ခက်လိမ့်မယ်
ပြန်ပြင်စရာတွေများပေမယ် သံစဉ်တွေများနေရင်
တီးလုံးတောနည်းနည်းရှုပ်လိမ့်မယ်
အမှန်မြန်မြန်မြင်နိုင်ကြပါစေဗျာ ။                 ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment