Professional Authors

ရနံ့တစ်ခုရဲ့ သစ္စာ

ရနံ့တစ်ခုရဲ့ သစ္စာ

_၁)

 

ပင်လယ်အစွန်းအရပ်က မှတ်တိုင် ၊ ခြောက်သွေ့မှုရဲ့သရုပ်ကို စိုက်ထူလို့

အရောင်အသွေး မွဲစွာ … ရှင်သန်မှု သူမ မပါသည့်နောက် ဝေဒနာရဲ့ကြီးမြတ်မှု အလွမ်း

အဟာရဟာ သူ့အလိုလို ချို့ယွင်းအားငယ်လို့၊ စိတ်ဓါတ်ရဲ့ အသွင်ဟာ ယဉ်ကျေးမှုကို စွန့်ခွာနေပြီ

အပြုံးအရယ် လျှော့ပါးခြင်း မျက်နှာပြင် ၊

 

_၂)

 

နွမ်းနယ်နေခဲ့ပြီ ဘ၀ရဲ့ ကြံခိုင်မှု ၊ ပြေးထွက်သွားချင်တဲ့ ကမ္ဘာအပြင် ဘယ်ရင်ခွင်များ အသင့်စောင့်နေမှာလည်း

နစ်သွားဖူးတဲ့ နွံ ၊ မက်မောဖူးတဲ့ နွံ ၊ စွဲလမ်းဖူးတဲ့ နွံ … ကြိုးကန်ရုန်းလို့ကောင်းနေတုန်း

အထီးကျန်နေတဲ့ သစ္စာရဲ့ မနက်ခင်းတွေက နှင်းအဖွေးသားနဲ့ ဝေေ၀၀ါးဝါး

ပတ်ဝန်းကျင်လည်း အေးစက်လို့…

 

_၃)

 

နာရီသံ နာကျင်စွာရီတဲ့အသံ တစ်ထပ်ထဲကျနေတဲ့ အချိန် ၊ မျှော်လင့်ချက်ရဲ့ မျက်ရည်စက်

ဒါဏ်ရာတွေထဲက ရှုန်းထွက်ခွင့်ပြုပါ ၊ ဆုတောင်းရဲ့ အဆုံးမှာ သတိရခြင်းတွေ ကပ်ငြိပါသွားတယ်

ခေါင်းအုံးလေးထက် လှပါစွာပွင့်နေတဲ့ မျက်ရည်စက်တစ်ချို့ ၊ နှလုံးသားထိ အမြစ်သွယ်တန်းနေလို့

အိမ်မက်တွေကို အသက်သွင်းလှည့်ပါ …

 

_၄)

 

သစ်ရွက်ကြွေတယ် ၊ လေတွေတိုက်တယ် ၊ သတိရခြင်းတွေဟာ ရာသီဥတုနဲ့ အတူ ဖူးပွင့်လာတယ်

သူမဟာ မသေဆုံးနိုင်တဲ့ ရင်ဘတ်ထဲက သစ်ပင် ၊ ငါကိုယ်တိုင်စိုက်ပျိုး ငါကိုယ်တိုင်အလှဝေဆာစေခဲ့တယ်

ငါကိုယ်တိုင် ဒီအရိပ်မှာ ခိုခဲ့တယ် ၊ ငါဆိုတဲ့ သူ တစ်ဦးပိုင် ၊ အတ္တနဲ့ ရည်လောင်းပြီး ယုယုယယ ရှင်သန်စေခဲ့တာ

 

_၅)

 

အချစ် ရှင်သန်နေဆဲ နွေ၊မိုး၊ဆောင်း ၊ နေ့သစ်တွေရောက်တိုင်း ရင်ခုန်မှုက ကြီးကျယ်လို့ ၊

သွေး၊သား ရဲ့ နှောင်ကြိုးချည် နေ့စွဲ … ငါ နင်ကို ခန်းနားစွာ ယနေ့ထက်တိုင် ချစ်လို့နေဆဲ

ဒီ …ရင်ခွင် … ဒီ …နှလုံးသား …

ဒီ …လူရဲ့ …သစ္စာ

လက်ခုပ်တီးသံတွေ မပါပဲ ၊ အောင်မြင်မှုတွေရနေဆဲ

 

_၆)

 

…သူမ ကို ချ စ်တ ယ်…

 

 

လူသစ်

In: ကဗျာ Posted By: Date: Jan 7, 2013
Comment #1

ပျော်ရွှင်ခဲ့ရဖူးတဲ့ အတိတ်လေးတွေတွေးရင်း ထမင်းစား အိပ်စက် ရှင်သန်ပါတယ်

commentinfo By: sofarawayfromyou at Jan 7, 2013
Comment #2

*_*

commentinfo By: ei lay at Jan 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment