Professional Authors

နွေရဲ့အလှ

စိမ့်အေး နှင်းမြူ
လက်ကျန်ချွေတဲ့
လေနုအေးနဲ့ မနက်ခင်းက
သြ … ဆောင်းရဲ့အဆုံး
သင်္ကတလည်း ဖြစ်ရပြီပေါ့ …….

ဥသြသံချို
ရွက်ဟောင်းကြွေလို့
နွေသင်္ကတ ပြယုဂ်လေးနဲ့
သြ….. နွေဦးအစ လေနှောခဲ့ရပေါ့ …..

ရနံ့သင်းသင်း
ခရေပွင့် …… ဖူးပွင့်ခဲ့ပြီ
ဆောင်းနှောင်း .. နွေကူး စပ်ကူးမတ်ကူး ….

တူးပို့တေးသံ
ပျံ့လွင့်လာတယ် ….
ဒို့များ ရိုးရာ သင်္ကြန်ပွဲတော်
ရိုးရာမပျက် အစဉ်အလာနဲ့
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးမှာ
ရေချမ်းပက်ဖျန်း …. လန်းဆန်းစေကာ
နှစ်သစ်အကြို ….
လေပြနဲ့အတူ ဒိုးပတ်လေးက
တူးပို့တေးသံချို ……..

နွေရဲ့အလှ
ကဗျာမမှီ စာမမှီတဲ့ ………။

(၆-၃-၂ဝ၁၂)

In: ကဗျာ Posted By: Date: Mar 6, 2012
Comment #1

အမ..ကဗျာပုံစံလေးလှတယ်ဗျ…
ခံစားအားပေးသွားပါတယ်..

commentinfo By: poem.poem28 at Mar 6, 2012
Comment #2

နွေရဲ့အလှ
ကဗျာမမှီ စာမမှီတဲ့ ………။

commentinfo By: May Kha at Mar 6, 2012
Comment #3

ကဗျာကောင်းလေး

သင်္ကြန်တောင် ရောက်တော့မှာပါလား…

commentinfo By: kantkawmg at Mar 6, 2012
Comment #4

ကျေးဇူးတင်ပါတယ်၇ှင် …..poem.poem28, May Kha, kantkawmg …. 🙂

commentinfo By: pannei at Mar 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment