Professional Authors

ပျောက်ဆုံးခွင့်

တစ်ယောက်ထဲ အထီးကျန်ရတဲ့ ညဆိုးတွေမှာ
နွေးထွေးတဲ့ အိမ် ကို တမ်းတမိပါရဲ့
ကမ္ဘာလောကအကျယ်ကြီးထဲမှာ
ငါ့အတွက် နွေးထွေးတဲ့ တစ်နေရာစာတောင် ကျောချစရာမရှိဘူးတဲ့လား
အသိခက်ခက် အ၀င်နက်တယ်ပဲဆိုဆို
ရွေးချယ်ခွင့်မရတဲ့အရာတွေအတွက်
ဖန်တလဲလဲ နာကျင်ရပါများလာတော့လည်း
ကံကြမ္မာကိုပဲ အပြစ်ဖို့ယုံလွဲလို့ ဘာများတတ်နိုင်ဦးမှာတဲ့လဲ
ပြေးစရာမြေမရှိတဲ့ဘ၀မှာ အနာဂတ်ဆိုတာလည်း
မှိန်မှိန်ဖျဖျတောင် မမြင်နိုင်ဘူး
Family ဆိုတဲ့စကားလုံးက တကယ်တော့လည်း
ကျောချင်းကပ်ရက်ဖြစ်နေတဲ့ ၃ နဲ့ ၄ လို ပဲ
ဆုတစ်ခုတော့ တောင်းချင်ပါတယ်
ငါ … ဒီနေရာကနေ ပျောက်ဆုံးဖို့ အခွင့်အရေးပေးပါ …
မထိခိုက် မနာကျင်စေပဲ
အရာအားလုံးကိုချန်ထား တိတ်တဆိတ်ပဲ ပျောက်ဆုံးခွင့်ပေးပါ ကံကြမ္မာ။

In: ကဗျာ Posted By: Date: Jan 7, 2013
Comment #1

တကယ်စိတ်မကောင်းဘူး…

commentinfo By: anglekhnum at Jan 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment