Professional Authors

သူလိုငါလို ဘဝ

တိုက်ဆိုင်မှုတွေ များစွာနဲ့
လျှောက်လှမ်းခဲ့ နေ့တွေမှာ
ပျောက်ရှနေတဲ့ မျှော်လင့်ခြင်းနဲ့
အလွမ်း ထောင့်တစ်ရာကို
ထောင့်ငါးရာအချစ်တွေနဲ့ ပြုပြင်ခဲ့တယ်…

အသုံးမတတ်တဲ့ နှလုံးသားနဲ့
အသုံးမကျတဲ့ ဆယ့်သုံးဘ၀မှာ
တသက်လုံး လူရာမ၀င်တဲ့ငါ့
ကောင်းကင်က ကြယ်ကြွေတာတောင်
ငါ့ထက် ပိုသာယာနေသလိုပဲ…

လူယဉ်ကျေးတွေရဲ့ လက်စွဲဖြစ်တဲ့
အပြုံးလက်နက်ကို ငါထုတ်သုံးတယ်
လူရမ်းကားတွေရဲ့ လက်စွဲဖြစ်တဲ့
တကိုယ်ကောင်းဘ၀ကို ငါကျင့်သုံးတယ်
သူ့မျက်ရည်ကိုတော့ ဘယ်အရာမှမလွန်ဆန်နိုင်ဘူး…

တယူသန်အတွေးလေးနဲ့
ဟိုအဝေးကြီးကိုထွက်ခဲ့တယ်
ပြင်ကျယ်ကျယ်ကို ကျေားခင်းလို့
ကောင်းကင်းကြီးကို မေးကြည့်တယ်
နယူတန် နိယာမ မှားနေလားလို့…

အထီးကျန် မှန်တစ်ချက်နဲ့
ငါ့မနက်တွေကို မိတ်ဆွေဖွဲ့တယ်
အကျဉ်းတန်ခြင်းတွေနဲ့ ငါ့ဘ၀ကတော့
ကြိုးပျက်နေတဲ့ ဂစ်တာတလက်လိုပဲ
ဥပက္ခာပြုမှုတွေက မပျက်ခဲ့ပါဘူး…

ဒီလိုနဲ့…
သူလိုငါလို ဖြတ်သန်းရင်း
သူလိုငါလို အတွေးတွေနဲ့
သူလိုငါလို ငေးနေရင်း
သူလိုငါလို ပျောက်ကွယ်ရမဲ့
တည်မြဲမှုမရှိတဲ့ဘ၀မှာ
မြတ်စွာဘုရားရဲ့ တရားကိုအံတုလို့
သူလိုငါလို တပ်မက်ကြရအောင်လား…

In: ကဗျာ Posted By: Date: Aug 18, 2011
Comment #1

ဒီလိုနဲ့…
သူလိုငါလို ဖြတ်သန်းရင်း
သူလိုငါလို အတွေးတွေနဲ့
သူလိုငါလို ငေးနေရင်း
သူလိုငါလို ပျောက်ကွယ်ရမဲ့
တည်မြဲမှုမရှိတဲ့ဘ၀မှာ
မြတ်စွာဘုရားရဲ့ တရားကိုအံတုလို့
သူလိုငါလို တပ်မက်ကြရအောင်လား…
အားပေးသွားပါသည်

Comment #2

i like so much.

commentinfo By: ei lay at Aug 19, 2011
Comment #3

လူယဉ်ကျေးတွေရဲ့ လက်စွဲဖြစ်တဲ့
အပြုံးလက်နက်ကို ငါထုတ်သုံးတယ်
လူရမ်းကားတွေရဲ့ လက်စွဲဖြစ်တဲ့
တကိုယ်ကောင်းဘ၀ကို ငါကျင့်သုံးတယ်
သူ့မျက်ရည်ကိုတော့ ဘယ်အရာမှမလွန်ဆန်နိုင်ဘူး…

commentinfo By: May Kha at Aug 19, 2011
Comment #4

ကဗျာကောင်းလေးတစ်ပုဒ်ပါ..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 19, 2011
Comment #5

တယူသန်အတွေးလေးနဲ့
ဟိုအဝေးကြီးကိုထွက်ခဲ့တယ်
ပြင်ကျယ်ကျယ်ကို ကျေားခင်းလို့
ကောင်းကင်းကြီးကို မေးကြည့်တယ်
နယူတန် နိယာမ မှားနေလားလို့…
။။။။။။။။။
သူမှားမ မှား တော့မသိဘူး ခရေတို့အားလုံးတော့မှားနေတာသေချာတယ်

commentinfo By: khayay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment