Professional Authors

“မျှော်လင့်ချက်မဲ့ခဲ့တဲ့ အချစ်”

သက်တန့်ကို ပိုင်လိုက်ရမှ
မိုးကောင်းကင် ဘ၀က
ပြည့်စုံတာ မဟုက်ပါဘူး…။

နေရာမရှိတာ သိသားပဲ
ငါကလည်း နောက်ဆုံးနားမှာ
ရပ်မနေချင်ပါဘူးဟာ…
နင် စိတ်ညစ်မှာစိုးတယ်။

ငါတို့ကို ဆုံစည်းပေးခဲ့တဲ့
ကံကြမ္မာ ဆိုတာကြီးကကို
ရိုးရိုးလေးနဲ့ လွဲနေခဲ့တာ…။

တကယ်တော့လည်း…
စိတ်ကူးကြည့်ယုံနဲ့တင်
ငါတို့နှစ်ယောက်က
ရထားသံလမ်း တစ်ခုစာဝေးတယ်။

ဘယ်တော့မှ မပြောဖြစ်တော့မယ့်စကား
ရင်ထဲမှာ သိမ်းမထားတော့ဘူး…
ကဗျာတစ်ပုဒ် မွေးထုတ်လိုက်မယ်။
နင့် ကို ငါ ချစ်တယ်…။

In: ကဗျာ Posted By: Date: Sep 21, 2011
Comment #1

ဖိုးကြယ်ရယ်…ရထားသံလမ်းတစ်ခုစာများ
ဘာမှမရှိပါဘူး….။

commentinfo By: PC at Sep 21, 2011
Comment #2

နေရာမရှိတာ သိသားပဲ
ငါကလည်း နောက်ဆုံးနားမှာ
ရပ်မနေချင်ပါဘူးဟာ…
နင် စိတ်ညစ်မှာစိုးတယ်။

ငါတို့ကို ဆုံစည်းပေးခဲ့တဲ့
ကံကြမ္မာ ဆိုတာကြီးကကို
ရိုးရိုးလေးနဲ့ လွဲနေခဲ့တာ…။
…………….
ကြိုက်တယ်….

commentinfo By: ဒေါ်ဂျီး at Sep 22, 2011
Comment #3

ကျေးဇူးတင်ပါတယ်….
PCရေ…ရထားသံလမ်းနှစ်ခုက…
ဝေးတော့မဝေးဘူး…ဒါပေမယ့်…
သူတို့…ဘယ်တော့မှမဆုံနိုင်တော့ဘူးလေ…

commentinfo By: ကြယ်စစ်သည် at Sep 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment