Professional Authors

အလွမ်းသက်သေ

 

 

မသိသင့်မှန်း သိပါလျက်နဲ့

အသိထဲသို့ ရောက်လာခဲ့တယ်

မမြင်သင့်မှန်း သိပါလျက်

မြင်ကွင်းထဲသို့ ရောက်လာခဲ့တယ်

မထိသင့်မှန်း သိပါလျက်နဲ့

တွေ့ထိခြင်းသို့ ရောက်လာခဲ့တယ်

မစားသင့်မှန်း သိပါလျက်နဲ့

မြိုချခဲ့တဲ့ ငါ့ရဲ့ ခံတွင်းတွေ

အရာရာလို ခါးသက်ခဲ့ရပြီ

နောက်တနေ့ရဲ့ မနက်ဖြန်အတွက်…

ငါ… မြိုချမိသော အစားတွေကို

လက်ညှိုးထိုးလို့ ပြန်အန်ထုတ်ရမလား…

သို့သော်…တကယ်ပါ..

မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ

ရင်ခွင်အခြား တဖတ်မှာ

အမှောင်ကြီးစိုး မိုးချုပ်ခဲ့တော့

အိပ်မက်တွေနဲ့ပဲ သာယာတက်ပြီ

ဟုတ်ပါတယ်… တကယ်ဆို…ငါဟာ

နားခိုမဲ့စွာ အတောင်မပါပဲ

လေလွင့်နေသော ငှက်တစ်ကောင်ပါ…။

အောက်သက်သက်နဲ့ ဘဝကိုခံစား

ရင်နင့်ချင်း ကင်းအောင်လို့

နာကြီးမှုတွေ မေ့ပျောက်ကာ

အသက်ကို လွတ်လပ်စွာ ရှုပစ်လိုက်တယ်….။

ဟို…….. ပြီးမှ

လျပ်တပျက် ပေါ်လာတဲ့ ချစ်သူရဲ့ပုံရိပ်ကို

စိတ်ကူးမဟုတ်သော လက်တွေ့ဖြင့်

အားကုန်လွဲလို့ အားရပါးရကြီး…

ဟို……..ဆရာ…

ရင်နာနာနဲ့ ထိုင်လွမ်းခဲ့တယ်။။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Sep 8, 2011
Comment #1

အားပေးသွားပါတယ်
http://www.facebook.com/pages/The-Canopuz/185241604832356
စာပေ၀ါသနာပါတဲ့  လူငယ်တွေ စီစဉ်ထားတဲ့ မဂဇင်းလေးပါ စာမူများပေးပို့ နိုင်ပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment